AD
AD
AD

ဂျပန်ဧကရာဇ် အကီဟီတိုရဲ့ မွေးနေ့အခမ်းအနား


ဂျပန်ဧကရာဇ် အကီဟီတိုရဲ့ ၈၄ နှစ်မြောက် မွေးနေ့အခမ်းအနားကို ဂျပန်တော်ဝင်နန်းတော်မှာ ဒီဇင်ဘာ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု ပရိသတ်အရေအတွက် စံချိန်တင်များပြားခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားကို လူဦးရေ ၄၅,၉၀၀ လာရောက်ခဲ့ကြပြီး ဧကရာဇ်အကီဟီဟိုရဲ့ ဆယ်စုစုနှစ်သုံးခုနီးပါးကြာ နန်းသက်အတွင်း ပြုလုပ်ခဲ့တဲ့ မွေးနေ့အခမ်းအနားများအနက် လူဦးရေအများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

play


ဂျပန်ဧကရာဇ်ရဲ့ မွေးနေ့အခမ်အနားကို လာရောက်ကြတဲ့ ပြည်သူတွေက ဂျပန်နိုင်ငံအလံငယ်များ ဝှေ့ယမ်းကြပြီး အသက်ရှည်ပါစေလို့ အော်ဟစ်ဆုတောင်းကြကြောင် သိရပါတယ်။

စကားပြောချိုသာတဲ့ ဂျပန်ဧကရာဇ် အကီဟီတိုက မိဖုရားမီချီကိုနဲ့ အခြား တော်ဝင်မိသားစုဝင်တွေနဲ့အတူ မှန်ဖြင့်ကာရံထားတဲ့ အရှေ့ဘက်ဥယျာဉ်နန်းဆောင် လသာဆောင်ကနေ မွေးနေ့ပွဲလာရောက်ကြတဲ့ ပြည်သူတွေကို လက်ဝှေ့ရမ်းနှုတ်ဆက်ရင်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

play


ဧကရာဇ်အကီဟီတိုဟာ လာမယ့် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်မှာ ထီနန်းစွန့်မယ်လို့ ဂျပန်အစိုးရက ယခုလအစောပိုင်းမှာ ကြေညာခဲ့ပြီးနောက် ပထမဆုံးအကြိမ် အများပြည်သူမြင်ကွင်းမှာ တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။

အကီဟီတိုက ၎င်းရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် ထီးနန်းစွန့်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့စဉ် ဂျပန်ပြည်သူများကြား အံ့အားသင့်ခဲ့ကြရပါတယ်။

play
ဂျပန် အိမ်ရှေ့မင်းသား နာရူဟီတို


အကီဟီတို ထီးနန်းစွန့်မှုဟာ ဂျပန်သမိုင်းတစ်လျှောက် နှစ်ပေါင်း ၂၀၀ အတွင်း ဧကရာဇ်တစ်ပါးက ပထမဆုံးအကြိမ် ထီနန်းစွန့်မှုလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ဥပဒေအရ ဧကရာဇ်တစ်ပါး ထိုသို့ ထီးနန်းစွန့်ရန် ပြဌာန်းမထားခဲ့တာကြောင့် တစ်ကြိမ်သာ အကျုံးဝင်သက်ရောက်တဲ့ ဥပဒေပြဌာန်းနိုင်ရန်လည်း လုပ်ဆောင်ခဲ့ရပါတယ်။

play


ဂျပန်ဧကရာဇ်အကီဟီတို ထီးနန်းလွှဲပြောင်း အနားယူနိုင်မယ့် တစ်ကြိမ်သာ အကျုံးဝင်သက်ရောက်တဲ့ ဥပဒေကို လွှတ်တော်က ယခုနှစ် ဇွန်လအတွင်း အတည်ပြုခဲ့ပါတယ်။

အကီဟီတိုရဲ့ ထီးနန်အရိုက်အရာကို အသက် ၅၇ နှစ်အရွယ် ၎င်းရဲ့ သားအကြီးဆုံးဖြစ်သူ အိမ်ရှေ့မင်းသား နာရူဟီတိုထံ လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ဂျပန်ပြည်သူတွေ ချစ်ခင်ကြတဲ့ ဧကရာဇ်အကီဟီတိုဟာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှာ ကွယ်လွန်ခဲ့တဲ့ ၎င်းရဲ့ဖခင် ဟီရိုဟီတိုထံမှ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News

AD