AD
AD
AD

ဖိလစ်ပိုင် ဈေးဝယ်စင်တာ မီးလောင်မှု

ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှာ မီးလောင်မှုဖြစ်ရာ လူ ၃၇ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဈးဝယ်စင်တာ အဆောက်အအုံရဲ့ တတိယထပ်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး အပေါ်ဘက်ရှိ အထပ်တွေကို ကူးစက်လောင်ကျွမ်းခဲ့ပြီး ဈေးဝယ်စင်တာဝန်ထမ်းများ ပိတ်မိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

play


မီးသတ်သမားတွေက မီးငြှိမ်းသတ်နိုင်ရန် နာရီအတန်ကြာအောင် ကြိုးပမ်းခဲ့ရပါတယ်။ မီးလောင်မှုဖြစ်တဲ့ ဈေးဝယ်စင်တာရဲ့ အထပ်တွေမှာ ပိတ်မိနေသူတွေဟာ အသက်ရှင်နိုင်ဖွယ်မရှိဘူးလို့ ဒါဗာအိုမြို့ လက်ထောက်အုပ်ချုပ်ရေးမှူး ပါအိုလိုဒူတာတေးက ပြောပါတယ်။

play


ပါအိုလိုဒူတာတေးဟာ လက်ရှိ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့သား ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်တဲ့နေရာကို သမ္မတဒူတာတေး လာရောက်ခဲ့ကြောင်းလည်း သိရပါတယ်။

ဒါဗာအိုမြို့ဇာတိဖြစ်သူ သမ္မတဒူတာတေးက မီးလောင်မှုဖြစ်ပွားခဲ့တဲ့ NCCC ဈေးဝယ်စင်တာ အပြင်ဘက်မှာ မီးလောင်မှုအတွင်း ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

play


စနေနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဈေးဝယ်စင်တာ မီးလောင်မှုဖြစ်ခဲ့တဲ့ ဒါဗာအိုမြို့ဟာ ဖိလစ်ပိုင်မြို့တော် မနီလာ အရှေ့တောင်ဘက် မိုင် ၅၀၀ အကွာမှာ တည်ရှိကြောင်း သိရပါတယ်။

play


မီးလောင်မှုဟာ အဝတ်အထည်များ၊ လူသုံးကုန်နဲ့ ပရိဘောဂပစ္စည်းများ ရောင်းချနေတဲ့ တတိယထပ်မှ စတင်ခဲ့ကြောင်း ဈေးဝယ်စင်တာရဲ့ အရောင်းဌာနမန်နေဂျာ ဂျန်နာအဗ္ဗဒူလာ မူတာလစ်ဘ်က ပြောကြားကြောင်း Philippines Star သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

ထပ်မံသိရှိရတဲ့ ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) ညပိုင်း သတင်းတွေအရ မီးလောင်မှုဖြစ်ခဲ့တဲ့ ဈေးဝယ်စင်တာအတွင်းမှ ရုပ်အလောင်း ၃၆ လောင်းခန့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

play


ဈေးဝယ်စင်တာ မီးလောင်မှုအတွင်း လူ ၃၈ ဦး ပျောက်ဆုံးနေကြောင်းနဲ့ ၎င်းတို့အားလုံး သေဆုံးခဲ့ပြီးလို့ ယုံကြည်ရကြောင်း ဒါဗာအိုမြို့ အာဏာပိုင်တွေက အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

ထပ်မံသိရှိရတဲ့ သတင်းတွေအရ ဈေးဝယ်စင်တာ မီးလောင်မှုကြောင့် လူ ၃၈ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD