AD
AD
AD

 

မြေပြင် ရေပြင် ဆင်းသက်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ် AG600 ရဲ့ ပထမဆုံးအကြိမ် တစ်နာရီကြာ ပျံသန်းမှုကို ဒီဇင်ဘာ ၂၄ ရက်က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Boeing 737 အရွယ်အစားရှိပြီး အင်ဂျင် ၄ လုံးတပ်ဆင်ထားတဲ့ AG600 လေယာဉ်ကြီးဟာ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ဇူဟိုင်းလေဆိပ်မှ ပျံတက်ခဲ့ပါတယ်။

play


AG600 လေယာဉ်ကြီးကို တောမီးငြှိမ်းသတ်မှုနဲ့ ရေပြင်ကယ်ဆယ်ရေး လုပ်ငန်းများမှာ အသုံးပြုသွားရန် စီစဉ်ထားတာ ဖြစ်ပါတယ်။ Kunlong လို့လည်းခေါ်ဝေါ်တဲ့ AG600 လေယာဉ်ကြီးဟာ တရုတ်တောင်ဘက်စွန်းရှိ နယ်မြေဒေသတွေအထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

play


ကမ္ဘာ့အကြီးဆုံး AG600 လေယာဉ် ပထမဆုံးအကြိမ် ပျံသန်းမှုကို တရုတ်အစိုးရ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ပြန်လည်ဆင်းသက်လာတဲ့ လေယာဉ်ကို အလံများဝှေ့ရမ်းပြီး စစ်ဘက်တီးဝိုင်းနဲ့အတူ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။

play


AG600 လေယာဉ်ကြီးကို ၈ နှစ်နီးပါးကြာ အချိန်ယူတည်ဆောက်ခဲ့ကြောင်းနဲ့ အလေးချိန် ၅၃.၅ တန်ကို သယ်ဆောင်ပြီး မိုင်ပေါင်း ၂,၈၀၀ နီးပါး အကွာအဝေးကို ပျံသန်းနိုင်ကြောင်း သိရပါတယ်။ AG600 လေယာဉ်ကို တရုတ်နိုင်ငံအတွင်းမှ မှာကြားဝယ်ယူမှု ၁၇ ခုရှိတယ်လို့ ဆိုပါတယ်။

play


AG600 လေယာဉ်ကြီးကို ဂွမ်ဒေါင်းပြည်နယ် ဇူဟိုင်းမြို့မှာ ယမန်နှစ် ဇူလိုင် ၂၃ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။ ရေပြင် မြေပြင် နှစ်မျိုးလုံးမှာ ဆင်းသက်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်ကို တရုတ်အစိုးရပိုင် Aviation Industry Corporation of China (AVIC) က တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။

play


AG600 လေယာဉ်ကြီးဟာ ကိုယ်ထည်အရှည် ၁၂၁ ပေကျော်ရှိပြီး လေယာဉ်တောင်ပံ အစွန်းနှစ်ဖက် အရှည်မှာ ၁၂၇ ပေရှိပါတယ်။ ရေပမာဏ ၁၂ တန်ကို စက္ကန့် ၂၀ အတွင်း ရယူနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လူ ၅၀ အထိ သယ်ဆောင်ပျံသန်းနိုင်ပါတယ်။ လေယာဉ်ကြီးမှာ အသုံးပြုထားတဲ့ ပစ္စည်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD