AD
AD
AD
play


အာဖဂန်နစ္စတန် ထောက်လှမ်းရေးဌာနချုပ်အနီး အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုါံ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ကဘူးလ်မြို့ရှိ ထောက်လှမ်းရေးဌာနချုပ်ကို ဝန်ထမ်းများလာရောက်နေချိန်မှာ အသေခံဗုံးခွဲသမားက ခြေလျင်လျှောက်လာပြီးနောက် ဗုံးဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

play


ယခု တိုက်ခိုက်မှုအတွင်း အခြား လူ ၅ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ သေဆုံးခဲ့သူတွေအနက် အသေခံဗုံးပေါက်မှု ဖြစ်ပွားစဉ် အဆိုပါနေရာအနီးမှ ကားဖြင့်ဖြတ်သန်းသွားတဲ့ အမျိုးသမီးတွေလည်း ပါဝင်ခဲ့ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အသေခံဗုံးခွဲမှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောထားပါတယ်။

ကဘူးလ်မြို့ရှိ ဆေးရုံများညွှန်ကြားရေးမှူးက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလော လများအတွင်း အာဖဂန်နစ္စတန်မှာ အလားတူ ဗုံးပေါက်ကွဲမှုများ မြင့်တက်ဖြစ်ပွားလာခဲ့ပါတယ်။

play


အောက်တိုဘာလအတွင်းက ရှီအာမွတ်ဆလင်မ်တွေရဲ့ ဗလီတစ်ခုကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ထို့အတူ မေလအတွင်းကလည်း သံတမန်များ နေထိုင်ကြတဲ့နေရာ သို့မဟုတ် Green Zone မှာ ကြီးမားပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။

Green Zone အသေခံဗုံးခွဲမှုဟာ ၂၀၀၁ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက တာလီဘန်တို့ကို တိုက်ထုတ်ခဲ့ပြီးနောက်ပိုင်း လူသေဆုံးမှုအများဆုံး အသေခံဗုံးခွဲ တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD