ဖိလစ်ပိုင်မြောက်ပိုင်းမှာ ခရစ္စမတ်ဝတ်ပြုတောင်းပွဲ တက်ရောက်ရန်သွားရောက်စဉ် ဘတ်စ်ကားငယ်တစ်စီး မတော်တဆမှု ဖြစ်ပွားခဲ့မှုကြောင့် လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


ခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်မယ့် ခရစ္စမတ်နေ့ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်မယ့်သူတွေ လိုက်ပါလာတဲ့ မီနီဘတ်စ်ကားက ပိုမိုကြီးမားတဲ့ အခြား ဘတ်စ်ကားတစ်စီးနဲ့ ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) အစောပိုင်းမှာ ခေါင်းချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်း အာဂိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုအတွင်း သေဆုံးခဲ့သူတွေဟာ မိသားစုတစ်ခုတည်းနဲ့ ဆက်နွယ်နေသူတွေဖြစ်ပြီး ကလေးငယ် ၆ ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မီနီဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ အခြား လူ ၉ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။

Postby


မီနီဘတ်စ်ကားနဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့တဲ့ ပိုမိုကြီးမားတဲ့ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၁၇ ဦး လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။ သေဆုံးခဲ့တဲ့ မိသားစုဝင်တွေက Manaoag မြို့ရှိ ထင်ရှားတဲ့ ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းမှာ ပြုလုပ်မယ့် ခရစ္စမတ်နေ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ပေါင်းရာနဲ့ချီ သက်တမ်းရှိ Manaoag မြို့မှ Our Lady of Manaoag ဘုရားကျောင်းဟာ ကက်သလစ်ခရစ်ယာန်များကြား ထင်ရှားတဲ့ဘုရားကျောင်းလည်း ဖြစ်ပါတယ်။

play


ရဲတပ်ဖွဲ့က ကားတိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကားမောင်းသမား အိပ်ပျော်သွားခြင်း သို့မဟုတ် အိပ်ငိုက်သွားခဲ့ခြင်းကြောင့် ကားတိုက်မှုဖြစ်ခဲ့ခြင်းဟုတ် မဟုတ် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ကားတိုက်မှုဖြစ်ခဲ့တဲ့ အာဂိုးမြို့ဟာ မနီလာမြို့တော်မြောက်ဘက် ၁၂၅ မိုင်အကွာမှာ တည်ရှိပါတယ်။ ကားတိုက်မှုဖြစ်ပြီး သေဆုံးခဲ့သူတွေဟာ Manaoag မြို့မှ တစ်နာရီကြာမျှ ကားမောင်းသွားရတဲ့ အကွာအဝေးရှိ Bauang မြို့မှဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video