AD
AD
AD

ရုရုားဘတ်စ်ကားတစ်စီး မြေအောက်ရထားလမ်း လှေကားအတိုင်း ထိုးကျ


ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ဘတ်စ်ကားတစ်စီးက မြေအောက်ရထားလမ်းသို့ ဆင်းသက်ရာ လှေကားအတိုင်း ထိုးဆင်သွားခဲ့မှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး အခြား ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဗီဒီယိုမှတ်တမ်းတွေအရ ဘတ်စ်ကားဟာ မြေအောက်ရထားလမ်းကို ဆင်းသက်တဲ့ လှေကားအတိုင်း အရှိန်ဖြင့်ထိုးဆင်းသွားခဲ့ကာ ရထားလမ်းအမိုးနဲ့ တိုက်မိပြီးနောက် ရပ်တန့်သွားခဲ့ပါတယ်။

play


မော်စကိုမြောက်ပိုင်း Slaviansky Boulevard ရထားဘူတာရုံအနီးမှာ အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်မှုမဟုတ်ဘူးလို့ ဆိုပါတယ်။

သို့သော် အဆိုပါ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တစ်ဦးကတော့ ဘတ်စ်ကားမောင်းနှင်သူဟာ ရည်ရွယ်ချက်ရှိရှိဖြင့် မြေအောက်ရထားလမ်း လှေကားအတိုင်း ထိုးဆင်းမောင်းနှင်ခဲ့ပုံရတယ်လို့ ပြောကြားကြောင်း ရုရှားသတင်းဌာန RT က ဖော်ပြထားပါတယ်။

play


ဘတ်စ်ကားမောင်းနှင်သူက ဘတ်စ်ကားဟာ ရုတ်တရက် ရွေ့သွားခဲ့ကြောင်းနဲ့ ဘရိတ်နင်းခဲ့ပေမဲ့ ဘရိတ်စနစ်က အလုပ်မလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပါတယ်။ ဘတ်စ်ကား မတော်တဆမှုဖြစ်တဲ့ လမ်းမနေရာမှာ ရေခဲနေတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

play


ရုရှားသတင်းဌာန Interfax ရဲ့ အဆိုအရ မတော်တဆမှု ဖြစ်ခဲ့တဲ့ ဘတ်စ်ကားဟာ သက်တမ်း တစ်နှစ်ပင်မပြည့်သေးကြောင်း သိရပါတယ်။ ယခုဖြစ်ရပ် ဖြစ်ပွားပြီးနောက် မော်စကိုမြို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားအားလုံးကို စစ်ဆေးရန် မြို့တော်ဝန် ဆာဂျီဆိုဘိုင်အာနင်က ညွှန်ကြားလိုက်ပါတယ်။

play


ယခု ဘတ်စ်ကားမတော်တဆမှု ဖြစ်ပွားခဲ့တဲ့ Slaviansky Boulevard ရထားဘူတာရုံအနီးမှာပင် ၂၀၁၄ ခုနှစ် ဇူလိုင်လက ရထားတစ်စင်း လမ်းချော်မှုဖြစ်ခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့ဖူးပါတယ်။

မော်စကိုမြို့မှာ တနင်္လာနေ့ (ဒီဇင်ဘာ ၂၅ ရက်) ဟာ ပုံမှန်အလုပ်လုပ်ရက်ဖြစ်ပြီး အဆိုပါမြို့ရှိ အောသိုဒေါ့ဇ် ခရစ္စမတ်ပွဲကို လာမယ့် ဇန်နဝါရီ ၇ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD