AD
AD
AD

ကိုပင်ဟေဂင်မြို့က မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတစ်ယောက်ရဲ့အဖြစ်က အလွန်ကံဆိုးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ဆေးခြောက်ဆေးလိပ် ၁,၀၀၀ လောက် သယ်ဆောင်လာခဲ့ပြီး တက္ကစီတစ်စီးပေါ် အလျင်စလိုပြေးတက် မောင်းနှင်ခိုင်းခဲ့ပါတယ်။

play


ဒါပေမဲ့ ကံဆိုးလှတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူခမျာ သူ အသည်းအသန်း ပြေးတက်မိတဲ့ကားက တက္ကစီမဟုတ်ဘဲ ရဲကားတစ်စီး ဖြစ်နေခဲ့ရာက အဖမ်းခံလိုက်ရပါတော့တယ်။

ဒိန်းမတ်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူဟာ အမှားအယွင်းတစ်ခု လုပ်ခဲ့မိတာကို သတိရပြီး သူ့ရဲ့နေအိမ်ကို အလျင်စလို ပြန်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ကြံကြံဖန်ဖန် ဖြစ်ခဲ့တဲ့ ယခုဖြစ်ရပ်ဟာ ကိုပင်ဟေဂင်မြို့ရဲ့ ခရစ္စတီယာနာဒေသမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

play


ခရစ္စတီယာနာဒေသကို ၁၉၇၀ ပြည့်လွန်နှစ်များက သမားရိုးကျ နိုင်ငံရေး၊ လူမှုရေး အစဉ်အလာတွေကို ပစ်ပယ်ကြတဲ့ ဟစ်ပီလူငယ်တွေက ထူထောင်ခဲ့ကြပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ကြတဲ့ အချက်အချာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ခရစ္စတီယာနာဒေသဟာ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရထားတဲ့ ဒေသဖြစ်တယ်လို့ ဆိုပါတယ်။

play


"ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ခရစ္စတီယာနီရာက မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတစ်ယောက်က သူ့အိမ်ကို အမြန်ပြန်ချင်နေတာနဲ့ တက္ကစီတစ်စီးထဲကို အလျင်အမြန် ဝင်ထိုင်လိုက်ပါတယ်၊ ဒါပေမဲ့ စိတ်လောနေတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူဟာ သူ ဝင်ထိုင်လိုက်တဲ့ကားက တက္ကစီမဟုတ်ဘဲ ရဲကားဖြစ်နေတာ သိလိုက်ရတော့ အကြီးအကျယ် အံ့အားသင့်သွားခဲ့ရပါတယ်" လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play


"ရဲအရာရှိတွေက သူ့ကိုတွေ့တော့ ပျော်တာပေါ့ဗျာ၊ သူ့ဆီမှာ ဆေးခြောက်ဆေးလိပ် ၁,၀၀၀ လောက်ပါပြီး အသင့်ဖမ်းလိုက်ရုံပဲလေ" လို့ ဒိန်းမတ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒိန်းမတ်နိုင်ငံမှာ ဆေးခြောက် ရောင်ဝယ်ခြင်း၊ လက်ဝယ်ပိုင်ဆိုင်ခြင်းကို ဥပဒေအရ တားမြစ်ပိတ်ပင်ထားကြောင်း သိရပါတယ်။ လတ်တလော လပိုင်းအတွင်းမှာလည်း ရဲတပ်ဖွဲ့က ခရစ္စတီယာနီရာရှိ နေရာအများအပြားကို ဝင်ရောက်စီးနင်းခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD