ပီရူး ဆန္ဒပြအဓိကရုဏ်း


ပီရူးနိုင်ငံမှာ လက်ရှိသမ္မတက ထောင်ဒဏ်ကျခံနေရတဲ့ သမ္မတဟောင်း အဲလ်ဘတ်တို ဖူဂျီမိုရီကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့မှုအပေါ် ပြည်သူတွေက ဆန္ဒပြခဲ့ရာမှ အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ပါတယ်။

သမ္မတဟောင်း ဖူဂျီမိုရီအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို ဒေါသထွက်နေတဲ့ ထောင်ဂဏန်းပမာဏရှိ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ပါတယ်။

play
ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ


ပီရူးမြို့တော် လီမာမှာ ဆန္ဒပြလူအုပ်ကြီးက သမ္မတဟောင်းကို ဖူဂျီမိုရီကို လွတ်ငြိမ်းချမ်းသာခွင့် မပေးရန် အော်ဟစ်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိသမ္မတ ပက်ဒရို ပက်ဘလို ကုဇညက်စကီက ထောင်ဒဏ်ကျခံနေရတဲ့ သမ္မတဟောင်း ဖူဂျီမိုရီကို ကျန်းမာရေးအခြေအနေအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဟောင်း ဖူဂျီမိုရီက ၎င်းကို ခွင့်လွှတ်ပေးရန် ပြည်သူလူထုထံ တောင်းပန်းစကားဆိုခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ လက်ရှိသမ္မတ ပက်ဒရိုက ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

play


သမ္မတဟောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့မှာ စတင်ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

သမ္မတပက်ဒရိုက ၎င်းရဲ့ ဆုံးဖြတ်ချက်အပေါ် ပြည်သူလူထုက ဒေါသထွက်ကြမယ့် အခြေအနေကို သိခဲ့ပေမဲ့ သမ္မတဟောင်း ဖူဂျီမိုရီကို အကျဉ်းထောင်အတွင်း မသေဆုံးစေလိုကြောင်း ပြောခဲ့ပါတယ်။

ပီရူးသမ္မတဟောင်း ဖူဂျီမိုရီဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အဂတိလိုက်စားမှုတို့ဖြင့် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

play


၎င်းကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျန်းမာရေးအခြေအနေကြောင့် အကျဉ်းထောင်မှ ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရပါတယ်။ သမ္မတဟောင်းဟာ သွေးဖိအားကျဆင်းနေပြီး နှလုံးခုန်မမှန်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

play
ပီးရူးသမ္မတ ပက်ဒရို

 
လက်ရှိသမ္မတ ပက်ဒရိုက သမ္မတဟောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုဟာ ၎င်းကိုယ်တိုင် သမ္မတရာထူးမှ စွပ်စွဲပြစ်တင်ဖယ်ရှားရန် လုပ်ဆောင်လာမှုကို ရှောင်ရှားနိုင်ရန် အပေးအယူလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး သမ္မတပက်ဒရိုကတော့ အဆိုပါသတင်းကို ပယ်ချခဲ့ပါတယ်။

သမ္မတပက်ဒရိုဟာ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ Odebrecht ထံမှ လာဘ်ငွေရယူခဲ့ကြောင်း စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video