play
၂၀၁၃ ခုနှစ်က စီနိုင်း တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များ၏ ဈာပန

အီဂျစ်နိုင်ငံ စီနိုင်းဒေသမှာ ၂၀၁၃ ခုနှစ်က လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ စစ်သွေးကြွ ၁၅ ဦးအား ကြိုးပေးကွပ်မျက်လိုက်ကြောင်း အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။
စစ်သွေးကြွတွေကို ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) က နိုင်ငံမြောက်ပိုင်းရှိ ၎င်းတို့ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင် ၂ ခုမှာ ကြိုးပေးကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်သွေးကြွက စစ်သားတွေကို လုပ်ကြံသတ်ဖြတ်မှုနဲ့ စစ်ဘက်ယာဉ်တွေကို ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ပါတယ်။

ယခု ကြိုးပေးကွပ်မျက်မှုဟာ ၂၀၁၅ ခုနှစ်က စစ်သွေးကြွ ၆ ဦးကို ကွပ်မျက်ခဲ့မှုပြီးလျှင် အီဂျစ်မှာ ပထမဆုံးအကြိမ် လူအများဆုံးကို ကြိုးပေးကွပ်မျက်မှုလည်း ဖြစ်ပါတယ်။

play
စီနိုင်းဒေသမှ အီဂျစ်တပ်ဖွဲ့ဝင်များ


လတ်တလော နှစ်များအတွင်း အီဂျစ်နိုင်ငံ စီနိုင်းဒေသမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ အပါအဝင် အစ္စလာမ်မစ် ဂျီဟတ်အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေ တွေ့ကြုံနေခဲ့ရပါတယ်။ ၎င်းအုပ်စုတွေက စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ တရားသူကြီးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း စီနိုင်းမြောက်ပိုင်း လေဆိပ်တစ်ခုမှာ ရပ်နားထားတဲ့ ရဟတ်ယာဉ်တစ်စီးကို အိုင်အက်စ်အဖွဲ့က တင့်ကားဖျက်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ရာ စစ်ဘက်အရာရှိတစ်ဦး သေဆုံးပြီး အခြား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

play
အီဂျစ်သမ္မတ အယ်လ်ဆစ်စီ


နိုဝင်ဘာလအတွင်းကလည်း စီနိုင်းမြောက်ပိုင်းဒေသရှိ ဗလီတစ်ခုကို အိုင်အက်စ်အကြမ်းဖက်သမားများအဖြစ် သံသယရှိသူတွေက ဗုံးနဲ့ သေနတ်များဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၂၅၀ ကျော် သေဆုံးခဲ့ပါတယ်။

ဗလီတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အီဂျစ်သမ္မတ အဗ္ဗဒူလ်ဖက်သ်တာ အယ်လ်ဆစ်စီက စီနိုင်ဒေသရှိ စစ်သွေးကြွတွေကို ၃ လအတွင်း အင်အားအပြင်းထန်သုံးပြီး ချေမှုန်းရန် စစ်တပ်ကို ညွှန်ကြားထားကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video