တရုတ်အစိုးရက ထင်ရှားတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို အဖျက်အမှောင့်လုပ်မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

play


အွန်လိုင်းမှာ Super Vulgar Butcher အမည်ဖြင့် လူသိများတဲ့ ဝူဂန်ကို ၂၀၁၅ ခုနှစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရက ထိုနှစ်အတွင်း ရာနဲ့ချီတဲ့ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခြင်း သို့မဟုတ် စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ခဲ့ပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဝူဂန်ကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်မှစပြီး အလားတူ တက်ကြွလှုပ်ရှားသူတွေကို ပြစ်ဒဏ်ချမှတ်မှုတွေအနက် အပြင်းထန်ဆုံး ဖြစ်ကြောင်းလည်း သိရပါတယ်။

ဝူဂန်က ၎င်းရဲ့ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ ပြောထားပါတယ်။ ဝူဂန်ဟာ အာဏာပိုင်တွေကို ဝေဖန်ထိုးနှက်တဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကြောင့် ထင်ရှားသူဖြစ်ပါတယ်။

play


ယခုပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ဝူဂန်ဟာ လက်ရှိ အုပ်ချုပ်ရေးစနစ်ကို မကျေမနပ်ဖြစ်နေခဲ့ပြီးနောက် နိုင်ငံတော်အာဏာကို ဖီဆန်ပြီး အဖျက်အမှောင့် အတွေးအခေါ်များ ဖြန့်ဖြူးနေတယ်လို့ တီအန်ဂျင်းတရားရုံးက ဆိုပါတယ်။

ဒါ့အပြင် ဝူဂန်ဟာ သတင်းအချက်အလက် အတုအယောင်များ ဖြန့်ဖြူးခြင်းနဲ့ အွန်လိုင်းမှာ အခြားသူတွေကို စော်ကားတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ကြောင်း တရားရုံးက ပြောပါတယ်။ ဝူဂန်က အာဏာအလွဲသုံးမှုဖြင့် မတရားကျူးလွန်တယ်လို့ ၎င်းက ထင်မြင်ယူဆဲ့ ဖြစ်ရပ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

မုဒိမ်းကျင့်တဲ့ ကွန်မြူနစ်ပါတီမှ တာဝန်ရှိသူတစ်ဦးကို သစ်သီးလှီးဓားဖြင့် ထိုးသတ်ခဲ့တဲ့ အမျိုးသမီးရဲ့အမှုနဲ့ လူသတ်မှုဖြင့် မှားယွင်းပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသားလေးဦးတို့ရဲ့အမှုတွေကို ဝူဂန်က လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က '709 crackdown' လို့ ခေါ်ဝေါ်ကြတဲ့ ဖြိုခွင်းနှိမ်နင်းမှုအတွင်း ပြည်သူ့လူထု အခွင့်အရေး လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video