play


အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမြောက်ပိုင်းရှိ စီနာဘန်မီးတောင် (Mouunt Sinabung) ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြာမှုန်များ မီးတောင်အထက် ကောင်းကင်ထဲကို အကွာအဝေး ၂.၈ မိုင်အထိ ရောက်ရှိခဲ့ပါတယ်။

စီနာဘန်မီးတောင် ပေါက်ကွဲမှုအန္တရာယ်ကို လွန်ခဲ့တဲ့ ၂ နှစ်က ပထမအကြိမ် ပေါက်ကွဲမှုအတွင်း လူ ၆ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးအဖြစ် သတ်မှတ်ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။ စီနာဘန်မီးတောင် ပထမအကြိမ် ပေါက်ကွဲမှုအတွင်း မီးတောင်ပတ်ဝန်းကျင်ရှိ ဒေသခံ သောင်းနဲ့ချီ ရွှေ့ပြောင်းခဲ့ရပါတယ်။

Postby


ယနေ့ ထပ်မံဖြစ်ပွားတဲ့ မီးတောင်ပေါက်ကွဲမှုအတွင်း လူသေဆုံးမှုသတင်း မရှိခဲ့ဘူးလို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ ဆူတိုပိုပွာဝို နူဂရိုဟိုက Twitter မှာ ရေးသားထားပါတယ်။

မီးတောင်ပတ်ဝန်းကျင်ရှိ အနီရောင်အဆင့် သတ်မှတ်ဇုန်အတွင်း နေထိုင်ကြတဲ့ ဒေသခံတွေကို ယခင်ကတည်းက ရွှေ့ပြောင်းထားခဲ့ကြောင်းနဲ့ ထောင်နဲ့ချီပြီး နောက်ထပ် ရွှေ့ပြောင်းရမယ်လို့လည်း ၎င်းက ပြောပါတယ်။

play


အင်ဒိုနီးရှားမှာ ယခုလအစောပိုင်းကလည်း ဘာလီကျွန်းရှိ Agung မီးတောင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးတောင်ပတ်ဝန်းကျင်ရှိ ဒေသခံတွေ ရွှေ့ပြောင်းခဲ့ရပြီး လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရမှုကြောင့် ကမ္ဘာလှည့်ခရီးသည် ထောင်နဲ့ချီပြီး သောင်တင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ကျောက်လွှာချပ်ကြီးများ ထိပ်တိုက်တွေ့ရာ ပစိဖိတ်မီးကွင်းနေရာမှာ တည်ရှိနေတာကြောင့် ငလျင်လှုပ်ခတ်မှုများလည်း မကြာခဏ ကြုံတွေ့ရပြီး မီးတောင် ၁၃၀ ဝန်းကျင်လည်း ရှိနေပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video