AD
AD
AD

ဂျပန်နိုင်ငံမှာ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူကို အခန်းငယ်တစ်ခုအတွင်း နှစ်အတန်ကြာ ပိတ်လှောင်ထားရာမှ အအေးလွန် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မိဘတွေကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မိဘနှစ်ဦးက သမီးဖြစ်သူဟာ စိတ်ဝေဒနာ ခံစားနေရပြီး အန္တရာယ်ပြုလာနိုင်တယ်လို့ ယုံကြည်ခဲ့ကြတာကြောင့် အခန်းငယ်ထဲမှာ ပိတ်လှောင်ထားခဲ့တာလို့ ဆိုပါတယ်။

play


မိဘဖြစ်သူတွေက ၎င်းတို့ရဲ့သမီး သေဆုံးမှုကို စနေနေ့ (ဒီဇင်ဘာ ၂၃ ရက်) မှာ အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီးဟာ အလွန်အမင်း အာဟာရပြတ်လပ်နေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဂျပန်အနောက်ပိုင်း အိုဆာကာစီရင်စု ရဲတပ်ဖွဲ့က ပြောပါတယ်။

အီရီ ကာကီမိုတို အမည်ရှိ သေဆုံးနေသူ အမျိုးသမီးဟာ အရပ် ၄ ပေ ၇ လက်မရှိပြီး ကိုယ်အလေးချိန်မှာ ၄၂ ပေါင်းနီးပါးမျှသာရှိကြောင်း သိရပါတယ်။

play


ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အသက် ၅၅ နှစ်အရွယ် ယာဆူတာကာ ကာကီမိုတိုနဲ့ ဇနီးဖြစ်သူ အသက် ၅၃ နှစ်အရွယ် ယူကာရီ ကာကီမိုတိုတို့က ၎င်းတို့ရဲ့သမီးဖြစ်သူကို တစ်နေ့လျှင် တစ်ကြိမ်သာ အစားအသောက်ကျွေးကြောင်းနဲ့ ၃၂ ပေပတ်လည်ရှိ အခန်းအတွင်း ၁၅ နှစ်နီးပါးကြာ ပိတ်လှောင်ထားခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ သမီးက သူ့အသက် ၁၆ နှစ်၊ ၁၇ နှစ်လောက်မှာ စိတ်ဝေဒနာဖြစ်ပြီး အကြမ်းဖက်လာခဲ့တယ်၊ ဒါကြောင့် သူ့ကို အခန်းထဲမှာ ပိတ်ထားခဲ့ပါတယ်" လို့ မိဘနှစ်ဦးက ပြောကြားကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းက ဆိုပါတယ်။

play


မိဘနှစ်ဦးက သမီးဖြစ်သူကို ကင်မရာတပ်ဆင်ထားပြီး တံခါးနှစ်ထပ်ဖြင့် အပြင်ဘက်ကသာ သော့ဖွင့်လို့ရတဲ့ အခန်းအတွင်း ပိတ်လှောင်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခန်းအတွင်း ယာယီသုံး အိမ်သာတစ်ခု ပြုလုပ်ထားပြီး အပြင်ဘက်ရှိ ရေတိုင်ကီမှ ရေအသုံးပြုနိုင်ရန် စီစဉ်ထားတာတွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

၎င်းတို့ရဲ့ သမီးဖြစ်သူ သေဆုံးနေမှုကို ဒီဇင်ဘာ ၁၈ ရက်မှာ တွေ့ရှိခဲ့ကြပေမဲ့ ဒီဇင်ဘာ ၂၃ ရက်မှသာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ပြည်သူများကြား သဘောထားအမြင် ပြောင်းလဲမှုအချို့ရှိလာသည့်တိုင် မသန်းစွမ်းသူတွေနဲ့ စိတ်ရောဂါခံစားနေရသူတွေရဲ့ မိသားစုတွေဟာ ပတ်ဝန်းကျင်မှာ ကဲ့ရဲ့ခံရပြီး အရှက်ရစရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD