AD
AD
AD

စိန့်ပီတာစဘတ်မြို့ရှိ စူပါမတ်ကက်အတွင်း ဗုံးပေါက်ကွဲအပြီး မြင်ကွင်း


ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ စူပါမတ်ကက်တစ်ခုမှာ အိမ်လုပ်ဗုံးတစ်လုံး ယမန်နေ့ (ဒီဇင်ဘာ ၂၇ ရက်) ညပိုင်းက ပေါက်ကွဲခဲ့မှုကြောင့် လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရသူတွေအနက် တစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

play


ဒီဇင်ဘာ ၂၇ ရက်က Perekrestok စူပါမတ်ကက်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို လက်ရှိမှာ လူသတ်ရန်ကြံစည်မှုအဖြစ် စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ထပ်မံသိရှိရတဲ့ သတင်းတွေအရ စိန့်ပီတာစဘတ် စူပါမတ်ကက်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို ရုရှားအာဏာပိုင်တွေက အကြမ်းက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

play


စူပါမတ်ကက်မှာ ဗုံးခွဲမှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောဆိုမှုလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ TNT ယမ်းအလေးချိန် ၇ အောင်စခန့်သုံးပြီး ပြုလုပ်ထားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် စူပါမတ်ကက် ဖွင့်လှစ်ထားတဲ့ အဆောက်အအုံမှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှု မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

play


စူပါမတ်ကက်ရှိ အိတ်များအပ်နှံတဲ့ နေရာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အဆိုပါနေရာနဲ့ အနီးပတ်ဝန်းကျင်ကို ရဲတပ်ဖွဲ့က ဖြတ်သန်းသွားလာမှု ပိတ်ပင်လိုက်ပြီး စူပါမတ်ကက်နဲ့ အဆောက်အအုံရှိ လူတွေကို ရွှေ့ပြောင်းစေခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလအတွင်းကလည်း စိန့်ပီတာစဘတ်မြို့ မြေအောက်ရထား ဘူတာရုံနှစ်ခုကြားနေရာမှာ ဗုံးဖောက်ခွဲ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၆၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

play


ရုရှားနိုင်ငံသား ထောင်နဲ့ချီပြီး နိုင်ငံရပ်ခြားရှိ အကြမ်းဖက်အုပ်စုများထံ သွားရောက်ပူးပေါင်းခဲ့ကြပြီးနောက် နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာကာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်တွေက စိန့်ပီတာစဘတ်မှာ တိုက်ခိုက်မှုများ ပြင်ဆင်နေမှုကို ဖော်ထုတ်ဟန့်တားနိုင်ခဲ့ကြောင်း ယခုလအတွင်း ရုရှား လုံခြုံရေးဌာနက ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံသား ၄,၅၀၀ ခန့်ဟာ နိုင်ငံရပ်ခြားရှိ အကြမ်းဖက်အုပ်စုများထံ သွားရောက်ပူးပေါင်းခဲ့ကြကြောင်း အဆိုပါဌာနရဲ့ ညွန်ကြားရေးမှူး အလက်ဇန်ဒါ ဘော့နီကော့ဗ်က ဒီဇင်ဘာလ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD