AD
AD
AD

အမေရိကန်သမ္မတဟောင်း ဘာရတ်အိုဘားမားက ဆိုရှယ်မီဒီယာကို တာဝန်မဲ့စွာ အသုံးပြုမှုအပေါ် အင်တာဗျူးတစ်ခုမှာ သတိပေးပြောကြားသွားခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း အိုဘားမားနှင့် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ


အိုဘားမားဟာ ဇန်နဝါရီလမှာ သမ္မတသက်တမ်းကုန်ဆုံးကာ အနားယူခဲ့ပြီးနောက်ပိုင်း ရှားရှားပါးပါး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကို တာဝန်ယူမှုမရှိဘဲ အသုံးပြုနေမှုတွေက အငြင်းပွားဖွယ် ရှုပ်ထွေးနက်နဲတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လူတွေကို နားလည်မှုလွဲစေကြောင်းနဲ့ သတင်းမှားတွေ ပျံ့နှံ့စေကြောင်း အိုဘားမားက သတိပေးခဲ့ပါတယ်။

play
အမေရိကန်သမ္မတဟောင်း အိုဘားမားနှင့် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ


"ခေါင်းဆောင်ပိုင်းအားလုံးက အင်တာနက်မှာ အများနဲ့သက်ဆိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ နေရာတစ်ခု ဖန်တီးနိုင်ဖို့ နည်လမ်းတွေ ရှာဖွေရပါမယ်" လို့ အိုဘားမားက ပြောပါတယ်။ အမေရိကန်သမ္မတဟောင်း အိုဘားမားကို ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီက BBC ရေဒီယိုရဲ့ Today အစီအစဉ်မှာ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မင်းသားဟယ်ရီက ခရစ္စမတ်ကာလအတွင်း BBC ရေဒီယိုမှာ ဧည့်သည်အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ ထင်ပေါ်ကျော်ကြားသူအချို့အနက် တစ်ဦးဖြစ်ပါတယ်။

play
မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်မှာ အိုဘားမား မိန့်ခွန်းပြောကြားစဉ်


အနာဂတ်ကာလမှ လူတွေဟာ အချက်အလက်တွေကို ဂရုမစိုက်တော့ဘဲ ၎င်းတို့ရဲ့ ပုဂ္ဂလိကအမြင်တွေနဲ့ သဘောထားတူညီတဲ့ အကြောင်းအရာတွေကိုသာ ဖတ်ရှုနားထောင်လာနိုင်မှုဟာလည်း စိုးရိမ်စရာအဖြစ် သမ္မတဟောင်း အိုဘားမားက ဆိုပါတယ်။

play
အမေရိကန်သမ္မတဟောင်း အိုဘားမား မိသားစု


"အင်တာနက်မှာ အန္တရာယ်အရှိဆုံးတစ်ခုက လူတွေဟာ တစ်ကယ့်အဖြစ်မှန်နဲ့ လုံးဝကွဲပြားနေတာတွေကို တွေ့ကြုံရနိုင်ပါတယ်၊ သူတို့ ဘက်လိုက်မှုရှိနေတဲ့၊ အစွဲရှိနေတဲ့ဟာကို တွန်းအားပေးတဲ့ သတင်းအချက်အလက်တွေထဲမှာ သူတို့ ချုပ်နှောင်နေမိနိုင်ပါတယ်" လို့ အိုဘားမားက ပြောပါတယ်။

ဆိုရှယ်မီဒီယာ အသုံးပြုမှုက အချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်မှု၊ တူညီတဲ့ စိတ်င်စားစရာတွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်မှု၊ မိတ်ဆွေဖွဲ့နိုင်မှုတွေ ပြုလုပ်နိုင်ပေမဲ့ လူတွေအချင်းချင်း မျက်နှာချင်းဆိုင် ဆုံတွေ့ပြောဆိုကြရန်လည်း တိုက်တွန်းခဲ့ပါတယ်။

play
BBC ရေဒီယိုမှာ ဧည့်သည်အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်နေသည့် ဟယ်ရီ


ထိုသို့ မျက်နှာချင်းဆိုင် တွေ့ဆုံကြခြင်းက အစွန်းရောက်နေတဲ့ အမြင်တွေကို ပြောင်းလဲပစ်နိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ "လူတွေအတွက် အွန်လိုင်းမသုံးဘဲ ဘားဆိုင်မှာတွေ့ကြတာ၊ ဝတ်ပြုဆုတောင်းတဲ့နေရာမှာ တွေ့ကြတာ၊ အိမ်နီးနားချင်းတွေ တွေ့ဆုံနှုတ်ဆက်ကြပြီး အသိမိတ်ဆွေဖွဲ့ကြတာတွေကလည်း အရေးကြီးပါတယ်" လို့ အမေရိကန်သမ္မတဟောင်း အိုဘားမားက ပြောခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD