ကဘူးလ်မှာ အိုင်အက်စ်အဖွဲ့က အသေခံဗုံးခွဲမှု


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ ရှီအာမွတ်စလင်မ်တွေကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွင်း လူ ၄၁ ထက်မနည်း သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ကဘူးလ်မှာ ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောထားပါတယ်။

play


အသေခံဗုံးပေါက်ကွဲမှုဟာ အကြမ်းဖက်တိုက်ခိုက်ခံရဖွယ်ရှိကြောင်း အစောပိုင်းက သတင်းထွက်နေခဲ့တဲ့ Afghan Voice သတင်းဌာနရုံးခန်း ဖွင့်လှစ်ထားတဲ့ အဆောက်အအုံမှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လူ ၅၀ ကျော် သေဆုံးခဲ့တဲ့ ရှီအာမွတ်စလင်မ် ဗလီတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရတ် ရာဟီမီက AFP သတင်းဌာနကို ပြောပါတယ်။

play


ယနေ့ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ ကဘူးလ်မြို့အနောက်ပိုင်းရှိ Tabayan ယဉ်ကျေးမှုစင်တာကို ပစ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။

"အသေခံဗုံးခွဲသမားက Tabayan ယဉ်ကျေးမှုစင်တာမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုများပြားခဲ့ပါတယ်" လို့ ရာဟီမီက ပြောပါတယ်။

play


အသေးစား ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် လူအများအပြား ပေါက်ကွဲမှုဖြစ်တဲ့နေရာမှ ထွက်ပြေးလာစဉ် ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။ 

Tabayan ယဉ်ကျေးမှုစင်တာမှာ အာဖဂန်ကို ဆိုဗီယက်တို့ ကျူးကျော်ခဲ့မှု ၃၈ နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်နေစဉ် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

play


Afghan Voice သတင်းဌာနမှ သတင်းထောက်တစ်ဦးရဲ့ အဆိုအရ ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် အဆောက်အအုံရဲ့ မြေအောက်ထပ်မှာ လူ ၁၀၀ ကျော် စုရုံးရောက်ရှိနေခဲ့ကြောင်း Afghan Voice သတင်းဌာနမှ သတင်းထောက်တစ်ဦးက ပြောပါတယ်။

play


အာဖဂန်မှာ လတ်တလော လပိုင်းအတွင်း ကဘူးလ်မြို့တော်ဟာ သေဆုံးမှုများပြားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။ တာလီဘန်အုပ်စုရဲ့ တိုက်ခိုက်မှုတွေနဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အာဖဂန်မှာ ခြေကုပ်ရယူမှု တိုးချဲ့လာမှုတို့ကြောင့် ကဘူးလ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားလာခဲ့တယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video