အိန္ဒိနိုင်ငံ မွမ်ဘိုင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု


အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းရှိ စားသောက်ဆိုင်နဲ့ ဈေးဆိုင်းခန်းများ ဖွင့်လှစ်ထားတဲ့ နာမည်ကြီး Kamala Mills ဝင်းအတွင်း​မှာ အဆောက်အအုံတစ်ခု မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) ညဥ့်နက်ပိုင်းက ဖြစ်ပွားခဲတဲ့ မီးလောင်မှုအတွင်း လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးက သတင်းထောက်တွေကို ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) အတည်ပြု ပြောကြားခဲ့ပါတယ်။

play


မီးလောင်မှုအတွင်း သေဆုံးခဲ့သူအများစုဟာ အဆောက်အအုံ ခေါင်မိုးထပ်ရှိ စားသောက်ဆိုင်မှာ မွေးနေ့ပါတီပွဲ တက်ရောက်နေခဲ့ကြတဲ့ အမျိုးသမီးများ ဖြစ်တယ်လို့ သိရပါတယ်။

မွေးနေ့ပွဲကျင်းပခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် မွေးနေ့ရှင်အမျိုးသမီးလည်း သေဆုံးခဲ့ကြောင်း သူမရဲ့ အဘိုးဖြစ်သူက Reuters သတင်းဌာနကို ပြောပါတယ်။

play


မွမ်ဘိုင်းမြို့လယ်ရှိ Kamala Mills ဟာ စက်မှုလုပ်ငန်းနေရာကို ပြန်လည်မွမ်းမံ ပြင်ဆင်ထားပြီး စားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဆောက်အအုံ ခေါင်မိုးထပ်ရှိ 1 Above စားသောက်ဆိုင်ကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ မပြည့်မီအတွင်း အလျင်အမြန် ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

play


ယခု မီးလောင်ဖြစ်ခဲ့တဲ့ Kamala Mills ဝင်းအတွင်းမှာ သတင်းမီဒီယာတွေရဲ့ ရုံးခန်းအချို့လည်း ဖွင့်လှစ်ထားကြောင်းနဲ့ Bennett Coleman and Co ကုမ္ပဏီရဲ့ Times Now နဲ့ ET Now သတင်းဌာနတွေဟာ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video