AD
AD
AD

ဖိလစ်ပိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဆေးရုံသို့ အရေးပေါ် မောင်းနှင်သွားနေတဲ့ ကားတစ်စီးကို မှားယွင်း ပစ်ခတ်ခဲ့မှုကြောင့် ကားပေါ်မှာလိုက်ပါလာသူ ၂ ဦး သေဆုံးခဲ့ပါတယ်။

play


ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) ညပိုင်းက မှားယွင်းပစ်ခတ်ခံရတဲ့ ကားပေါ်မှာ ဒဏ်ရာရထားတဲ့ အမျိုးသမီးတစ်ဦး အပါအဝင် လူ ၇ ဦး လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ အစောပိုင်းက သေနတ်ပစ်ခံရပြီး ဒဏ်ရာရထားသူလည်း ဖြစ်ပါတယ်။

မှားယွင်းပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးရဲ့ အမည်တွေနဲ့ ၎င်းတို့ရဲ့တာဝန်တွေကို ဖိလစ်ပိုင်အာဏာပိုင်တွေက ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) ထုတ်ပြန်လိုက်ပြီး ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း မနီလာမြို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

မှားယွင်းပစ်ခတ်ခဲ့တဲ့ Mandaluyong မြို့မှ ရဲအရာရှိတွေက အဆိုပါ ကားပေါ်မှာ လိုက်ပါလာသူတွေဟာ သေနတ်ကိုင်ဆောင်ထားကြောင်း သတင်းမှား လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

play


"ကျွန်တော်တို့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှ ဖုံးကွယ်မထားပါဘူး၊ ဖြစ်နိုင်ခြေတွေကိုလည်း လျှော့ပေါ့ယူဆတာမျိုး မရှိပါဘူး၊ အရာရှိတွေဟာ ရဲတပ်ဖွဲ့လုပ်ငန်းစဉ်တွေကို ချိုးဖောက်ခဲ့ဖွယ်ရှိပါတယ်" လို့ မက်ထရိုမနီလာ ရဲတပ်ဖွဲ့မှ အကြီးတန်အရာရှိ အော်စကာက ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါးနှိမ်နင်းမှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ယခင်ကတည်း ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။

play


လူ ၄,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် ဖိလစ်ပိုင်ပြည်သူများကြား ယုံကြည်မှုလျော့နည်းလာခဲ့ကြောင်း စစ်တမ်းအချို့က ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေက မူးယစ်ဆေးဝါး အသုံးပြုသူတွေနဲ့ အနည်းမျှသာ မူးယစ်ဆေးရောင်းသူတွေကို အသေပစ်သတ်နေမှုတွေ အများအပြား ရှိခဲ့တယ်လို့ ဝေဖန်ကြပါတယ်။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကတော့ အကြမ်းဖက် ပြန်လည်ခုံခံတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတွေကိုသာ သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD