အီဂျစ်နိုင်ငံ ကိုင်ရိုင်မြို့တောင်ပိုင်းရှိ ကော့ပ်တစ်ခရစ်ယာန် ဘုရားကျောင်းမှာ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။

play
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် Mary Mina ဘုရားကျောင်း


သေနတ်သမားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက အသေပစ်သတ်ခဲ့ကြောင်းနဲ့ သေဆုံးခဲ့သူတွေအနက် ရဲအရာရှိတစ်ဦးလည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် အခြား လူ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျန်မားရေးဌာန သတင်းရင်းမြစ်က ပြောပါတယ်။

play
လုံခြုံရေးတပ်ဖွဲ့က အသေပစ်သတ်ခဲ့သည့် သေနတ်သမား


ကိုင်ရိုမြို့တောင်ဘက် ဆင်ခြေဖုံး Helwan ဒေသရှိ Mary Mina ဘုရားကျောင်းမှာ ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေနတ်သမား မည်မျှပါဝင်ခဲ့ကြောင်း အတိအကျ မသိရသေးပါဘူး။

play

 
အီဂျစ်နိုင်ငံရှိ ကော့ပ်တစ်ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ယခုနှစ်အတွင်း ဖြစ်ပွားလေ့ရှိပြီး အချို့ တိုက်ခိုက်မှုတွေကို အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ၎င်းရဲ့မဟာမိတ်အုပ်စုတွေက ပြုလုပ်ခဲ့ကြပါတယ်။

မေလအတွင်းကလည်း ကော့ပ်တစ်ခရစ်ယာန်များ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးကို သေနတ်သမားများက အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

play


ထို့အတူ မတ်လ ၂၅ ရက်မှာ ကျရောက်တဲ့ ခရစ်ယာန်တွေရဲ့ Palm Sunday မှာလည်း တန်တာနဲ့ အလက်ဇန်ဒရီးယားရှိ ဘုရားကျောင်း ၂ ကျောင်းမှာ ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၄၉ ဦး သေဆုံးခဲ့ပါတယ်။

Palm Sunday ဗုံးပေါက်ကွဲမှုတွေကို လုပ်ဆာင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ပြောကြားခဲ့ပေမဲ့ ၎င်းတို့နဲ့ ဆက်နွယ်နေတဲ့ အထောက်အထား မတွေ့ခဲ့ရဘူးလို့ အီဂျစ်အာဏာပိုင်တွေက ဆိုပါတယ်။

မွတ်စလင်မ်အများစု နေထိုင်တဲ့ အီဂျစ်မှာ ခရစ်ယာန်လူဦးရေမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး ၎င်းတို့အနက် အများစုဟာ ကော့ပ်တစ်နဲ့ အော်သိုဒေါ့ဇ် ခရစ်ယာန်များ ဖြစ်ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video