AD
AD
AD

ဆစ်ဒနီမြို့အနီး ရေပြင်ဆင်းလေယာဉ်ငယ် ပျက်ကျမှု


သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာမှာ ရေပြင်ဆင်းသက် လေယာဉ်ငယ်တစ်စီး မြစ်အတွင်း ပျက်ကျခဲ့မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။  Cowan မြို့ငယ်အနီး Hawkesbury မြစ်အတွင်းသို့ ယနေ့ (ဒီဇင်ဘာ ၃၁ ရက်) လေယာဉ်ငယ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

play


ရဲတပ်ဖွဲ့မှ ရေငုပ်သမားတွေကို ရေအောက်အနက် ၄၃ ပေမှာ ရောက်ရှိနေတဲ့ လေယာဉ်ပျက်အတွင်းမှ ရုပ်အလောင်းတွေကို ပြန်လည် ဆယ်ယူခဲ့ကြောင်း သိရပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့တွေဟာ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်၊ ၎င်းရဲ့မိသားစုနဲ့ သြစတြေးလျလူမျိုး လေယာဉ်မောင်းသူတို့ ဖြစ်ပါတယ်။

play
ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ရစ်ချတ်ဒ်


အသက် ၅၈ နှစ်အရွယ် ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ရစ်ချတ်ဒ်၊ အသက် ၄၈ နှစ်အရွယ် အမ်မာ၊ အသက် ၁၁ နှစ်အရွယ် သမီးတစ်ဦး၊ အသက် ၂၅ နှစ်နဲ့ ၂၃ နှစ်အရွယ် သားနှစ်ဦးတို့ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ပါတယ်။

play


မြစ်အတွင်း ပျက်ကျခဲ့တဲ့ လေယာဉ်ငယ်ဟာ Sydney Seaplanes ကုမ္ပဏီမှဖြစ်ပြီး ရှုခင်းများ လှည့်လည်ကြည့်ရန် ဝန်ဆောင်မှုပေးနေတဲ့ အင်ဂျင်တစ်လုံးတပ် လေယာင်ဖြစ်ကြောင်း သိရပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး အတိအကျ မထုတ်ပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။ Sydney Seaplanes ကုမ္ပဏီက ၁၉၃၈ ခုနှစ်မှစပြီး လုပ်ငန်းများဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

play


ပျက်ကျခဲ့တဲ့ လေယာဉ်ကို ၁၉၆၀ ပြည့်လွန် အစောပိုင်းနှစ်တွေက တည်ဆောက်ခဲ့တာဖြစ်ပြီး Sydney Seaplanes က ပိုင်ဆိုင်တဲ့ လေယာဉ်ငါးစီးအနက်မှ တစ်စီးဖြစ်တယ်လို့ သိရပါတယ်။

Sydney Seaplanes က ဆစ်စနီမြို့နဲ့ ပတ်ဝန်းကျင်ရှိ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့ရှိကြတဲ့ Opera House, Harbour Bridge, Pittwater နဲ့ Hawkesbury မြစ် အပါအဝင် သြစတြေးလျရှိ နေရာဒေသတွေမှာ ရှုခင်းလှည့်လည်ကြည့်ရှုနိုင် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD