AD
AD
AD
play
၂၀၁၆ ခုနှစ်က Brandenburg Gate မှာ ပြုလုပ်ခဲ့တဲ့ နှစ်သစ်ကြိုဆိုပွဲ


ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပပြုလုပ်မယ့် နှစ်သစ်ကူးကြိုဆိုပွဲမှာ အမျိုးသမီးများအတွက် လုံခြုံစိတ်ချရတဲ့ နေရာများ စီစဉ်သတ်မှတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ကိုလုံးမြို့မှာ နှစ်သစ်ကူးကြိုဆိုပွဲများအတွင်း အမျိုးသမီးတွေကို ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ အမျိုးသားတွေက လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်တဲ့ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။

play
နှစ်သစ်ကြိုဆိုပွဲအတွက် Brandenburg Gate နေရာမှာ ပြင်ဆင်နေစဉ်


ဘာလင်မှာ ပြုလုပ်မယ့် နှစ်သစ်ကူးကြိုဆိုပွဲမှာ စီစဉ်ထားတဲ့ အမျိုးသမီးများအတွက် လုံခြုံစိတ်ချရတဲ့နေရာကို ဂျာမန်ကြက်ခြေနီအဖွဲ့မှ အဖွဲ့ဝင်တွေက တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဘာလင်မြို့ရှိ ထင်ရှားကျော်ကြားတဲ့ Brandenburg Gate နေရာမှာ နှစ်သစ်ကူးကြိုဆိုပွဲကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အမျိုးသမီးတွေအနေနဲ့ ၎င်းတို့ကို နှောင့်ယှက်မှု သို့မဟုတ် ခြိမ်းခြောက်မှုခံရတယ်လို့ ခံစားခဲ့ရပါက အနီးပတ်ဝန်းကျင်ရှိ အခြားသူတွေထံ အကူအညီတောင်းကြရန်လည်း တိုက်တွန်းထားပါတယ်။

play
နှစ်သစ်ကြိုဆိုပွဲအတွက် Brandenburg Gate ပြင်ဆင်ထားမှု


Brandenburg Gate နှစ်သစ်ကြိုဆိုပွဲ ကျင်းပတဲ့နေရာမှာ မူးယစ်သောက်စားခြင်း၊ ကြီးမားတဲ့အိတ်တွေနဲ့ ကျောပိုးအိတ်တွေ ယူဆောင်လာခြင်းတို့ကို တားမြစ်ပိတ်ပင်ထားကြောင်းလည်း သိရပါတယ်။

၂၀၁၅ ခုနှစ်က ကိုလုံးမြို့မှာ နှစ်သစ်ကြိုဆိုပွဲအတွင်း ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထား စော်ကားတိုက်ခိုက်မှု အများအပြား ကြုံခဲ့ရပြီးနောက်ပိုင်း ဘာလင်မြို့ နှစ်သစ်ကြိုဆိုပွဲမှာ ယခု အစီအစဉ်ကို အကောင်အထည်ဖော်လာခြင်း ဖြစ်ပါတယ်။

play


ကိုလုံးမြို့ နှစ်သစ်ကြိုဆိုပွဲအတွင်း ရာဇဝတ်မှုကျူးလွန်ကြောင်း တိုင်ကြားမှု ၁,၂၂၂ ခု လက်ခံရရှိခဲ့ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဆိုပါ တိုင်ကြားမှုတွေအနက် ၅၁၃ ခုဟာ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခံမှုတွေ ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD