AD
AD
AD

နယူးဇီလန်နိုင်ငံသားအုပ်စုတစ်စုက နှစ်သစ်ကူးကာလအတွင်း အများပြည်သူဆိုင်ရာ နေရာတွေမှာ အရက်မသောက်ရန် တားမြစ်ပိတ်ပင်ထားခြင်းကို ရှောင်တိမ်းနိုင်ရန်အတွက် ကမ်းရိုးတန်းအနီး ပင်လယ်ရေတိမ်ပိုင်းမှာ သဲကျွန်းတစ်ခု တည်ဆောက်နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါအုပ်စုက Coromandel ကျွန်းဆွယ် Tairua မြစ်ဝရှိ ရေလှိုင်းတက်ရောက်မှုနိမ့်တဲ့ ရေပြင်မှာ သဲကျွန်းတစ်ခုကို ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက တည်ဆောက်ခဲ့ကြတယ်လို့ နယူးဇီလန်သတင်းတွေက ဖော်ပြပါတယ်။

play


ထို့နောက် ၎င်းတို့က ပျော်ပွဲစားထွက်ရာမှာသုံးတဲ့ စားပွဲတစ်လုံးနဲ့ ရေခဲပုံးထဲမှာ အရက်၊ ဘီယာများထည့်ကာ သဲကျွန်းလေးပေါ်မှာ သောက်ခဲ့ကြပါတယ်။ ၎င်းတို့အုပ်စုဟာ နိုင်ငံတကာရေပိုင်နက်ထဲကို ရောက်ရှိနေတာကြောင့် နယူးဇီလန်က အရက်မသောက်ရန် တားမြစ်ပိတ်ပင်မှုနဲ့ ကင်းလွတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုခဲ့ကြပါတယ်။

နယူးဇီလန် သတင်းဝက်ဘ်ဆိုက် stuff.co.nz က ဖော်ပြမှုအရ အဆိုပါအုပ်စုဟာ နှစ်သစ်ကူးအကြိုညက သဲကျွန်းပေါ်မှာ အရက်၊ ဘီယာသောက်ရင်း မီးရှူးမီးပန်းပစ်လွှတ်မှုတွေကို ကြည့်ခဲ့ကြကြောင်းနဲ့ ၎င်းတို့ တည်ဆောက်ထားတဲ့ သဲကျွန်းဟာ တနင်္လာနေ့ (ဇန်နဝါရီ ၁ ရက်) မနက်ပိုင်းအထိ ရှိနေခဲ့ကြောင်း သိရပါတယ်။

play

 
နယူးဇီလန်ရှိ Coromandel ကျွန်းဆွယ်မှာ နှစ်သစ်ကူးကာလအတွင်း အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရက်မသောက်ရန် တားမြစ်ပိတ်ပင်ထားပြီး တွေ့ရှိပါက ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၈၀ ချမှတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရမှာ ဖြစ်ပါတယ်။

ထိုသို့ တားမြစ်ပိတ်ပင်ထားပေမဲ့ အာဏာပိုင်တွေက ပညာပေးအနေနဲ့သာ ဆောင်ရွက်လိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရေထဲမှာ သဲကျွန်းတည်ဆောက်ပြီး အရက်သောက်ခဲ့ကြသူတွေရဲ့ ဓာတ်ပုံကို Tairu ChitChat Facebook group မှာ ဒေးဗစ်ဆောင်းဒါးစ်က လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD