play


တောင်အာဖရိကနိုင်ငံမှာ ခရီးသည်တင်ရထားတစ်စီးဟာ ထရပ်ကားတစ်စီးနဲ့ တိုက်မိပြီးနောက် မီးလောင်မှုဖြစ်ခဲ့ရာ လူ ၁၈ ဦး ထက်မနည်း သေဆုံးပြီး ၂၅၄ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဗီဒီယိုမှတ်တမ်းအရ အနည်းဆုံး ရထားတွဲတစ်တွဲ မီးလောင်နေပြီး ထရပ်ကား တိမ်းမှောက်နေတာ တွေ့ခဲ့ရပါတယ်။

play


ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို ရထားလမ်းဘေးမှာ ရွှေ့ပြောင်းထားခဲ့တယ်လို့ ဆိုပါတယ်။ ရထားနဲ့ ထရပ်ကားတိုက်မှုဟာ Free State ဒေသ Kroonstad မြို့အနီး ရထားလမ်းဖြတ်နေရာမှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ထရပ်ကားက ရထားခုတ်မောင်းလာနေစဉ် လမ်းဖြတ်နေရာမှာ ရပ်တန့်နိုင်ခြင်းမရှိခဲ့ရာမှ တိုက်မိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ပြောပါတယ်။ ရထားပေါ်မှ ခရီးသည် ၈၅၀ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

play

 
မတော်တဆမှု ဖြစ်ပြီးနောက် ထရပ်ကားမောင်းသူက ထွက်ပြေးရန်ကြိုးပမ်းခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

ရထားရဲ့ အရှေ့ဆုံး တွဲနှစ်တွဲမှာ လိုက်ပါလာသူတွေ ဒဏ်ရာရခဲ့ကြောင်း ခရီးသည်တစ်ဦးက ပြောပါတယ်။ ခရီးသည်တင်ရထားဟာ ပို့တ်အဲလိဇဘက်သ်မြို့မှ ဂျိုဟန်နက်စ်ဘတ်မြို့သို့ ခုတ်မောင်းလာစဉ် မတော်တဆမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။


ထရပ်ကားနဲ့တိုက်မိပြီး ရထားတွဲမီးလောင်နေတဲ့ ဗီဒီယိုတစ်ခုကို Twitter မှာ လွှင့်တင်ထားတာလည်း တွေ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video