AD
AD
AD

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဘားဆိုင်တစ်ဆိုင်မှ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဗော့ဒ်ကာအရက်ပုလင်း အခိုးခံရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

တန်ဖိုးအကြီးဆုံး ဗော့ဒ်ကာပုလင်းကို ခိုးယူသွားမှု


ခိုးယူခံရတဲ့ ဗော့ဒ်ကာပုလင်းကို ရွှေဖြူ၊ ရွှေဝါတို့ဖြင့် အလှဆင်ထားပြီး ရုရှားကိုယ်စားပြု သိမ်းငှက်အရုပ်ကိုလည်း စိန်ဖြင့်ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ ဗော့ဒ်ကာပုလင်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၃ သန်း ဖြစ်တယ်လို့ သိရပါတယ်။

play


CCTV မှတ်တမ်းအရ ဇန်နဝါရီ ၂ ရက် အစောပိုင်းမှာ ကိုပင်ဟေဂင်မြို့ရှိ Cafe 33 မှ Russo-Baltique ဗော့ဒ်ကာပုလင်းကို ဦးထုပ်ဆောင်းထားပြီး မျက်နှာမပေါ်အောင် ဖုံးအုပ်ထားသူတစ်ဦးက ယူဆောင်ထွက်ပြေးသွားတာ တွေ့ရပါတယ်။

ဘားဆိုင်ပိုင်ရှင်က ဗော့ဒ်ကာပုလင်း ခိုးယူခံရမှုမှာ ဆိုင်ဝန်ထမ်းဟောင်း ပါဝင်ပတ်သက်နိုင်တယ်လို့ ပြောပါတယ်။ "ဒီမှာ အလုပ်လုပ်ခဲ့သူတစ်ဦးဆီကနေ ဆိုင်သော့ကို ရသွားတာဖြစ်ရမယ်" လို့ ဘားဆိုင်ပိုင်ရှင်က ပြောပါတယ်။

play


ခိုးယူခံရတဲ့ ဗော့ဒ်ကာပုလင်းကို 'House of Cards' ဇာတ်လမ်းတွဲမှာ ထည့်သွင်းရိုက်ကူးခဲ့ဖူးပါတယ်။ 'House of Cards' ဇာတ်လမ်းတွဲရဲ့ အတွဲ ၃ မှာ အမေရိကန်သမ္မတကို ဧည့်ခံတဲ့ဇာတ်ဝင်ခန်းမှာ Russo-Baltique ဗော့ဒ်ကာပုလင်းကို ထည့်သွင်းရိုက်ကူးခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဗော့ဒ်ကာပုလင်းကို အာမခံထားခဲ့ခြင်း မရှိကြောင်းနဲ့ ရုရှားလုပ်ငန်းရှင်တစ်ဦးထံမှ ငှားရမ်းထားခြင်းဖြစ်ကြောင်း ဘားဆိုင်ပိုင်ရှင်က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD