အမေရိကန်မှာ ဆောင်းတွင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှု


အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်းဒေသတွေမှာ ပြင်းထန်တဲ့ ဆောင်းတွင်း ဆိုင်ကလုန်းမုန်တိုင်းကြီး (bomb cyclone) ဇန်နဝါရီ ၄ ရက်က တိုက်ခတ်ခဲ့ရာ ဆီးနှင်းများထူထပ်စွာ ကျရောက်ပြီး ရာသီဥတု အလွန် အေးခဲနေမှုကြောင့် ခရီးသွားလာမှု အခက်အခဲများဖြစ်ပြီး ဒေသခံများ လွန်ကဲတဲ့ အအေးဒဏ်ခံနေရပါတယ်။

play


ရာသီဥတု အေးခဲပြင်းထန်မှုကြောင့် အမေရိကန် အရှေ့တောင်ပိုင်းရှိ မြောက်ကာရိုလိုင်းနားနဲ့ တောင်ကာရိုလိုင်းနား ပြည်နယ်တွေမှာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပြည်နယ်တွေမှာ လမ်းမများဟာ ဆီးနှင်းများခဲပြီး ရေခဲပြင်ဖြစ်နေရာက မော်တော်ယာဉ်များ လမ်းချော်မှုတွေ ဖြစ်နေပါတယ်။

play


အစောပိုင်းကလည်း အမေရိကန် နေရာဒေသအများအပြားမှာ အအေးလှိုင်းဖြတ်မှုကြောင့် လူတစ်ဒါဇင်ခန့် သေဆုံးခဲ့ပါတယ်။ ဆီးနှင်းများ ထူထပ်စွာကျပြီး အလွန်အေးခဲနေမှုကြောင့် ထောင်နဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရပြီး ကျောင်းများပိတ်ထားရကြောင်း သိရပါတယ်။

play


နယူးယော့ခ်မြောက်ပိုင်းမှာ အပူချိန် အလွန်အမင်းကျဆင်းနေရာ အမေရိကန်နဲ့ ကနေဒါနယ်စပ်ရှိ နာမည်ကြီး နီရာဂါရာရေတံခွန်မှာ ရေများခဲနေတယ်လို့ ဆိုပါတယ်။

အမျိုးသားမိုးလေဝသဌာနရဲ့ ခန့်မှန်းမှုအရ လာမယ့် သီတင်းပတ်အထိ အပူချိန်မြင့်တက်လာဖွယ် မရှိသေးကြောင်းနဲ့ ယနေ့ (ဇန်နဝါရီ ၅ ရက်) နှောင်ပိုင်းအထိ ဆီးနှင်းများထူထပ်စွာ ဆက်လက်ကျရောက်နေမယ်လို့ သိရပါတယ်။

play


အမေရိကန်မှာ တိုက်ခတ်နေတဲ့ ဆောင်းတွင်း ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ဦးတည်ရွေ့လျားနေပြီး ကနေဒါနိုင်ငံကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှာ အလွန်အေးခဲတဲ့ ရာသီဥတုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နိုင်မှု ကြုံနေရပြီး ဗာဂျီနီးယားမှာ လူဦးရေ ၂၄,၀၀၀၊ မက်ဆာချူးဆက်မှာ လူဦးရေ ၉,၀၀၀ နဲ့ ဂျော်ဂျီယာ၊ တောင်ကာရိုင်လိုင်းနားနဲ့ ဖလော်ရီဒါတို့မှာလည်း လူဦးရေထောင်နဲ့ချီပြီး ဓာတ်အားပြတ်တောက်မှု ကြုံနေရပါတယ်။

play


နယူးယော့ခ်ရှိ နေရာဒေသတွမှာ ဆီးနှင်းများ ၁ ပေအထိ ထူထပ်စွာကျရောက်နိုင်ပြီး လေပြင်းများလည်း တိုက်ခတ်နိုင်မှုကြောင့် ကျောင်းများပိတ်ထားရပါတယ်။ ထို့အတူ ဘော်စတွန်မှာလည်း ဆီးနှင်ကျဆင်းမှု ၁ ပေခန့်အထိ ထူထပ်နိုင်ကြောင်း သိရပါတယ်။

ဆီးနှင်းများထူထပ်စွာကျမှု၊ လေပြင်းတိုက်ခတ်မှုနဲ့ အလွန်အမင်း အေးခဲနေမှုကြောင့် လေကြောင်းခရီးစဉ် ၃,၇၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး အခြား လေကြောင်းခရီးစဉ် ၁,၄၀၀ နှောင့်နှေးမှုဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video