ထရန့်တာဝါ မီးလောင်မှု

 
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နယူးယော့ခ်မြိုလယ်ရှိ ထရန့်တာဝါ အဆောက်အအုံမှာ မီးလောင်မှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။ တနင်္လာနေ့ (ဇန်နဝါရီ ၈ ရက်) မနက်ပိုင်းက အထပ် ၅၈ ထပ်ပါ ထရန့်တာဝါ မိုးမျှော်အဆောက်အအုံမှာ မီးလောင်မှုဖြစ်ခဲ့ကြောင်း နယူးယော့ခ်မီးသတ်တပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

play


မီးလောင်မှုဟာ အဆောက်အအုံရဲ့ ခေါင်မိုးကနေ စတင်ခဲ့ကြောင်းနဲ့ မီးသတ်သမား ၈၄ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ တစ်နာရီအတွင်း မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆောက်အအုံခေါင်မိုးရှိ အပူအအေးပေးနဲ့ လေသန့်စင်စနစ်မှာ တပ်ဆင်ထားတဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် မီးလောင်မှုဖြစ်ခဲ့ကြောင်း နယူးယော့ခ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

play


မီးလောင်မှုဖြစ်ပွားတဲ့ ထရန့်တာဝါကို ဒေသစံတော်ချိန် မနက် ၇ နာရီမှာ မီးသတ်သမားများ ရောက်ရှိလာခဲ့ပြီး မနက် ၈ နာရီမှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုအတွင်း လူသုံးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

play

 
ထရန့် သမ္မတမဖြစ်မီက ယခု မီးလောင်ဖြစ်တဲ့ မိုးမျှော်အဆောက်အအုံရဲ့ အပေါ်ဆုံး အထပ် ၃ ထပ်မှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထရန့်တာဝါမှာ သမ္မတထရန့်ရဲ့ သားနှစ်ဦးဖြစ်တဲ့ ထရန့်ဂျူနီယာနဲ့ အဲရစ်တို့ရဲ့​ ရုံးခန်းတွေရှိပြီး သမီးဖြစ်သူ အိုင်ဗင်ကာရဲ့ ဖက်ရှင်ကုမ္ပဏီရုံးချုပ်လည်းရှိကြောင်း သိရပါတယ်။
Source & Photo: Reuters, Washington Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video