AD
AD
AD

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ရွှံ့နွံ့ပြိုကျမှုတွေကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။

play


ရွှံ့နွံ့ပြိုကျမှုများအတွင်း နေအိမ်များလည်း ပျက်စီးခဲ့ကြောင်းနဲ့ လူ ၁၆၃ ဦးကို ဆေးရုံပို့ခဲ့ရကြောင်း သိရပါတယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၂၅ ဦး ဒဏ်ရာရခဲ့ပြီး လေးဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

play


စန်တာဘာဘရာ အရှေ့ဘက်ရှိ ရိုမီယိုတောင်ကြားနေရာမှာ လူ ၃၀၀ အထိ ပိတ်မိနေကြောင်းနဲ့ ရွှံ့နွံပြိုကျမှုဖြစ်ခဲ့တဲ့ နေရာတွေဟာ ပထမကမ္ဘာစစ်ပွဲ စစ်မြေပြင်ကဲ့သို့ ဖြစ်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရေကြီးမှုနဲ့ ရွှံ့နွံပြိုကျမှုတွေကြောင့် ကမ်းရိုးတန်းဒေသရှိ အဓိက အဝေးပြေးလမ်းမရဲ့ မိုင် ၃၀ ကျော်မှာ ပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးဌာနက သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ပြောထားပါတယ်။

play


ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ ဗင်တူရာဒေသမှာ အမြင့်ဆုံး မိုးရေချိန် ၅ လက်မအထိ ရွာသွန်းခဲ့ကြောင်း လော့စ်အိန်ဂျလိစ် အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နေတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့လအတွင်း တောမီးများလောင်ခဲ့တဲ့ နယ်မြေဒေသတွေလည်း ဖြစ်ပါတယ်။ ရာသီဥတုဆိုးရွားနေစဉ်အတွင်း ယာဉ်မတော်တဆမှု ၂၇၅ ခုအထိ ဖြစ်ခဲ့တယ်လို့ ကယ်လီဖိုးနီးယား အဝေးပြေးလမ်းမ ကြီးကြပ်ကွပ်ကဲရေးက ပြောပါတယ်။

play


ရွှံ့နွံပြိုကျမှုတွေ ဖြစ်ခဲ့တဲ့ လော့စ်အိန်ဂျလိစ်ရှိ ဘာဘန့်ခ်မြို့ ဆင်ခြေဖုံးဒေသတွေမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းကြရန် ညွှန်ကြားထားပါတယ်။ ဘာဘန့်ခ်မှာ ရွှံ့နွံပြိုကျမှုတွေကြောင့် နေအိမ် ၄၀ မှ ၄၅ လုံးအထိ ထိခိုက်မှုဖြစ်ခဲ့ကြောင်း မီးသတ်ဌာနက ပြောပါတယ်။

play


ရေကြီးမှုကြောင့် လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ Terminal 2 ကို ပိတ်ထားရတယ်လို့ ဆိုပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှု ဆက်လက် ဖြစ်နိုင်သေးကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ယမန်နှစ် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလအတွင်း မိုးသည်းထန်ခဲ့ပြီးနောက် ၁၀ လကြာ ခြောက်သွေ့နေခဲ့ရာမှ ယခု မုန်တိုင်းတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD