AD
AD
AD
play


ဘန်ကောက်မြို့မှာ ယနေ့ (ဇန်နဝါရီ ၁၀ ရက်) မနက်အစောပိုင်းက မိုးသက်မုန်တိုင်း ကျရောက်ခဲ့ပြီးနောက် နေရာအများအပြား ရေကြီးမှုတွေ ဖြစ်နေကြောင်း သိရပါတယ်။ ဘန်ကောက်မြို့ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေချိန် ၃.၅ လက်မရှိခဲ့တယ်လို့ ဆိုပါတယ်။

play


ကျောက်ဖရားမြစ်တစ်လျှောက် လမ်းမများမှာ ရေကြီးမှုတွေ ဖြစ်နေကြောင်း Bangkok Post က ပြောပါတယ်။ ဘန်ကောက်မှ အွန်လိုင်းအသုံးပြုသူတွေက မိုးသက်မုန်တိုင်း ကျရောက်မှုနဲ့ ရေကြီးနေတဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ကြပါတယ်။

play


ထိုင်းရေဒီယိုသတင်းဌာနက JS100 ရဲ့ အဆိုအရ ရေကြီးမှုတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးရွားစွာဖြစ်နေကြောင်းလည်း သိရပါတယ်။ Samrong ဘူတာရုံ၊ Siam တက္ကသိုလ်နဲ့ Petchkasem လမ်းမတွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

play


ဘန်ကောက်မှာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း Weather.com မိုးလေဝသဝက်ဘ်ဆိုက်က ခန့်မှန်းထားပါတယ်။ စင်ကာပူမှာလည်း ဇန်နဝါရီ ၈ ရက်က မိုးသည်းထန်မှုကြောင့် နှစ် ၃၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD