AD
AD
AD

ဂျပန်လူမျိုး အာကာသယာဉ်မှူးတစ်ဦးက အာကာသထဲရောက်ပြီးနောက် ၎င်းရဲ့အရပ်အမြင့်ဟာ ပုံမှန်မြင့်တက်လေ့ရှိမှုထက် ပိုပြီးလျင်မြန်စွာ မြင့်တက်လာခဲ့ကြောင်း သတင်းအမှားကို Twitter မှာ ဖြန့်ဝေခဲ့မိခြင်းအတွက် တောင်းပန်ခဲ့ပါတယ်။

play


ဂျပန်လူမျိုး အာကာသယာဉ်မှူး နိုရီရှီဂီ ကန်နာအီဟာ နိုင်ငံတကာ အာကာသစခန်း (International Space Station - ISS) ကို ရောက်ရှိခဲ့ပြီး သီတင်းသုံးပတ်အကြာမှာ အရပ်အမြင့် ၃.၅ ပေ ပိုရှည်လာခဲ့ကြောင်း Twitter မှာ ရေးသားလွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အာကာသယာဉ်မှူးက ၎င်းရဲ့အရပ် ပိုရှည်လာမှုကြောင့် လာမယ့် ဇွန်လအတွင်း ကမ္ဘာမြေသို့ အပြန်ခရီးစဉ်မှာ ရုရှားနိုင်ငံမှ ဆိုယုဇ်အာကာသယာဉ်အတွင်း မဝင်ဆန့်မှာကို စိုးရိမ်မိကြောင်း ဇန်နဝါရီ ၉ ရက်က Twitter မှာ ရေးသားခဲ့ပါတယ်။

နိုရီရှီဂီက ကျောင်းသားဘဝကတည်းက လက်ရှိအချိန်ထိ အရပ်အမြင့် ယခုကဲ့သို့ လျင်မြန်စွာ တိုးတက်လာမှုကို မကြုံဖူးခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။

play


သို့သော် ယနေ့ (ဇန်နဝါရီ ၁၀ ရက်) မှာတော့ ဂျပန်အာကာသယာဉ်မှူး နိုရီရှီဂီက အာကာသထဲမှာ ၎င်းရဲ့အရပ် ၃.၅ ပေအထိ လျင်မြန်စွာ ပိုရှည်လာခဲ့ခြင်း မဟုတ်ကြောင်းနဲ့ အမှန်တစ်ကယ်မှာ ၀.၇၈ လက်မသာ ပိုရှည်လာခဲ့တာဖြစ်ပြီး တိုင်းတာမှုမှားယွင်းခဲ့တာကြောင့် သတင်းမှာထုတ်ပြန်မိခဲ့ကြောင်း ပြောကြားပြီး တောင်းပန်ခဲ့ပါတယ်။

အာကာသအတွင်း သွားရောက်ကြတဲ့ အာကာသယာဉ်မှူးတွေဟာ ပုံမှန်အားဖြင့် အရပ်အမြင့် ၀.၇၈ လက်မကနေ ၁.၉ လက်မထိ ပိုရှည်လာလေ့ရှိပေမဲ့ နိုရီရှီဂီကဲ့သို့ ၃.၅ လက်မအထိ လျင်မြန်စွာ ပိုရှည်လာခဲ့တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

play

 
အာကာသအတွင်း ရောက်ရှိသွားချိန်မှာ ကမ္ဘာမြေဆွဲအား မရှိတော့မှုကြောင့် လူ့ခန္ဓာကိုယ်မှာ အရပ်ပိုရှည်လာမှု အပါအဝင် အပြောင်းအလဲတွေ ဖြစ်လာကြောင်း သိရပါတယ်။

ဂျပန်အာကာသယာဉ်မှူးက "အားလုံးပဲ မင်္ဂလာရှိတဲ့ မနက်ခင်းပါ၊ ကျွန်တော် ဒီနေ့ အဓိက ကြေညာစရာတစ်ခု ရှိပါတယ်၊ အာကာသထဲကိုရောက်ပြီးနောက်ပိုင်း ကျွန်တော်တို့ရဲ့ ခန္ဓကိုယ်ကို တိုင်းတာမှုတွေ လုပ်ခဲ့ပါတယ်၊ ကျွန်တော့်အရပ်က ၃.၅ လက်မလောက်အထိကို ပိုရှည်လာဗျာ" လို့ ပြောထားခဲ့ပါတယ်။


"ကျွန်တော်က အချို့အပင်တွေကိုလဲ သုံးပတ်ထဲနဲ့ အရပ်က အဲဒီလောက်ပိုရှည်လာတယ်၊ ဒါမျိုးကို အထက်တန်းကျောင်းသားဘဝကတည်းက မဖြစ်ဖူးခဲ့ဘူးဗျ၊ ဒီကနေ ကမ္ဘာမြေပြင်ကိုပြန်တဲ့အခါ ဆိုယုဇ်ယာဉ်ထဲမှာ ကျွန်တော် မဆန့်တော့မှာတောင် စိုးရိမ်မိတယ်" လို့ နိုရီရှီဂီက Twitter မှာ ရေးခဲ့ပါတယ်။

ရုရှားနိုင်ငံမှ ဆိုယုဇ် အာကာသယာဉ်ရဲ့ ထိုင်ခုံတွေဟာ အများဆုံးအနေနဲ့ အရပ်အမြင့် ၆.၂ ပေနဲ့ ခန္ဓာကိုယ်အလေးချိန် ၂၀၉.၄ ပေါင်အထိအတွက်သာ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ဂျပန်အာကာသယာဉ်မှူး နိုရီရှီဂီဟာ Expedition 54/55 အာကာသခရီးစဉ်မှာ ပျံသန်းရေးဆိုင်ရာ အင်ဂျင်နီယာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်းဟာ ဆရာဝန်တစ်ဦးလည်းဖြစ်ကြောင်း သိရပါတယ်။

ယခု အာကာသခရီးစဉ်ဟာ နိုရီရှီဂီအတွက် ပထမဆုံး အာကာသခရီးစဉ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက NASA မှ စကော့တင်ဂလီ၊ ရုရှားမှ အန်တန် ရှက်ကပ်လာနော့ဗ်တို့နဲ့အတူ နိုင်ငံတကာ အာကာသစခန်းကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD