AD
AD
AD

သီရိလင်္ကာနိုင်ငံမှာ အမျိုးသမီးများကို အရက်ရောင်းချခြင်း ၆၃ နှစ်ကြာ ဥပဒေပြဌာန်းပြီး တားမြစ်ပိတ်ပင်ထားမှုကို ပယ်ဖျက်သွားတော့မယ်လို့ ဆိုပါတယ်။

play

 
၁၉၅၅ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး အမျိုးသမီးများကို ခွဲခြားဆက်ဆံရာရောက်တဲ့ ဥပဒေကို ပြင်ဆင်ခဲ့ကြောင်း သီရိလင်္ကာအစိုးရက ပြောပါတယ်။ ဥပဒေပြင်ဆင်မှုအရ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သီရိလင်္ကာအမျိုးသမီးတွေဟာ တရားဝင် အရက်ဝယ်ယူခွင့်ရပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၀ ရက်) က ထုတ်ပြန်ကြေညာခဲ့တဲ့ ဥပဒေပြင်ဆင်မှုအရ သီရိလင်္ကာအမျိုးသမီးတွေဟာ အရက်ရောင်းချတဲ့ လုပ်ငန်းခွင်မှာလည်း ခွင့်ပြုချက်လျှောက်ထားရန်မလိုဘဲ အလုပ်လုပ်ကိုင်နိုင်မယ်လို့ သိရပါတယ်။

ယခု ဥပဒေပြင်ဆင်မှုကို သီရိလင်္ကာအမျိုးသမီး အများအပြားက ကြိုဆိုခဲ့ကြပါတယ်။ ဥပဒေပြင်ဆင်မှုကို ဘဏ္ဍာရေးဝန်ကြီးက ကြေညာခဲ့ပြီးနောက် အမျိုးသမီးတွေက အစိုးရကို ကျေးဇူးတင်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကြပါတယ်။

play


ဥပဒေသစ်အရ သီရိလင်္ကာအမျိုးသမီးတွေဟာ စားသောက်ဆိုင်များ အပါအဝင် အရက်ရောင်းချတဲ့ နေရာတွေမှာ အလုပ်လုပ်ကိုင်ရန် သို့မဟုတ် အရက်သောက်ရန် အစိုးရဲ့ ယစ်မျိုးအရာရှိထံ ခွင့်ပြုချက်လိုင်စင် လျှောက်ထားတောင်းခံစရာ မလိုအပ်တော့ကြောင်း သိရပါတယ်။

အစိုးရရဲ့ ဥပဒေပြင်ဆင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုထောက်ခံမှုတွေ ရှိနေစဉ်မှာပဲ အချို့ကလည်း ယခုလုပ်ရပ်ကြောင့် အရက်စွဲတဲ့ အမျိုးသမီးတွေ များလာနိုင်ကြောင်း ဝေဖန်နေကြပါတယ်။

play
သီရိလင်္ကာသမ္မတ


သီရိလင်္ကာမှာ အမျိုးသမီးအများစုက ရိုးရာဓလေ့ထုံးစံအရ အရက်သောက်လေ့မရှိဘဲ အရက်သောက်ခြင်းဟာ သီရိလင်္ကာ ထုံးထမ်းဓလေ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ရာရောက်တယ်လို့ မှတ်ယူထားကြပါတယ်။

သို့သော် အရက်သောက်မှုဆန့်ကျင်ရေး စည်းရုံးလှုံ့ဆော်တဲ့ သီရိလင်္ကာသမ္မတ Maithripala Sirisena က သီရိလင်္ကာအမျိုးသမီးကြား အရက်သောက်မှုနှုန်းဟာ လတ်တလောနှစ်များအတွင်း စိုးရိမ်ဖွယ်ရာ မြင့်တက်လာကြောင်း ၂၀၁၆ ခုနှစ်မှာ ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD