AD
AD
AD

ကမ္ဘာ့အကြီးဆုံး ရေချိုပုလဲကို အမေရိကန်ဒေါ်လာ ၃၇၄,၀၀၀ (မြန်မာငွေ သိန်းငါးထောင်ကျော်) ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရပါတယ်။

play


'အိပ်ပျော်နေတဲ့ခြင်္သေ့' (Sleeping Lion) လို့ အမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး ရေချိုပုလဲရဲ့ အရွယ်အစားဟာ ၂.၇၅ လက်မရှည်လျားပြီး အလေးချိန် ၅.၄ အောင်စ ရှိပါတယ်။ The Hague မြို့မှာ လေလံတင်ရောင်းချခဲ့တဲ့ အဆိုပါ ပုလဲကို တစ်ချိန်က ရုရှားဘုရင်မ ကက်သရင်း (Catherin the Great) က ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

play


Venduehuis လေလံကုမ္ပဏီရဲ့ အဆိုအရ ယခု လေလံတင်ရောင်းချမှုဟာ ရေချိုပုလဲကြီးကို နှစ်ပေါင်း ၂၄၀ အတွင်း ပထမဆုံးအကြိမ် လေလံတင်မှု ဖြစ်တယ်လို့ သိရပါတယ်။ 'အိပ်ပျော်နေတဲ့ခြင်္သေ့' ရေချိုပုလဲကို တရုတ်နိုင်ငံမှာ ၁၇၀၀ ပြည့်နှစ်နဲ့ ၁၇၆၀ ပြည့်နှစ်အတွင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ယူဆရပြီး နောက်ပိုင်းမှာ ဥရောပကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

play


ကျွမ်းကျင်သူတွေက ပုလဲကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း လေ့လာဆန်းစစ်ခဲ့ကြပြီးနောက် ပုံစံမကျပေမဲ့ သဘာဝအတိုင်း ရှာဖွေတွေ့ရှိခဲ့တဲ့ အကြီးဆုံး ရေချိုပုလဲဖြစ်ကြောင်း သတ်မှတ်ခဲ့ကြပါတယ်။ Venduehuis ရဲ့ ဖော်ပြမှုအရ 'အိပ်ပျော်နေတဲ့ခြင်္သေ့' ရေချိုပုလဲဟာ Qing မင်းဆက်က ကြီးမားတဲ့ ပုလဲရတနာတွေကို တင်ပို့မှုပိတ်ပင်ထားခဲ့ပေမဲ့ Dutch East India ကုမ္ပဏီမှတစ်ဆင့် ဥရောပကို ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

play


Dutch East India ကုမ္ပဏီရဲ့ စားရင်းကိုင်ချုပ် ဟန်းနရစ်ခ် ကွန်းရက်ဒ်စန်ဒါ (Hendrik Coenraad Sander) က ကမ္ဘာ့အကြီးဆုံ ရေချိုပုလဲရဲ့ ပထမဆုံး ဥရောပပိုင်ရှင် ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဟန်းနရစ် ကွယ်လွန်ခဲ့ပြီးနောက် အဆိုပါ ပုလဲကို အမ်စတာဒမ်မြို့မှာ ၁၇၇၈ ခုနှစ်အတွင်း လေလံတင်ခဲ့ရာ ရုရှားဘုရင်မ ကက်သရင်း (Catherine the Great) က ဝယ်ယူခဲ့တာဖြစ်ပါတယ်။

play
ရုရှားဘုရင်မ ကက်သရင်း


ဘုရင်မကြီး ကက်သရင်းဟာ ရုရှားကို ၁၇၆၂ ခုနှစ်မှ ၁၇၉၆ ခုနှစ်အထိ နန်းသက်အရှည်ကြာဆုံး အုပ်ချုပ်ခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ရေချိုပုလဲကို ဥရောပမှ နောက်ထပ် ရာစုနှစ် နှစ်ခုအတွင်း ကုန်သည်များ၊ ကျောက်မျက်ရတနာ ရောင်းဝယ်သူများနဲ့ အထက်တန်းလွှာပုဂ္ဂိုလ်များက ပြောင်းလဲပိုင်ဆိုင်ခဲ့ကြပါတယ်။

ထို့နောက် ၁၉၇၉ ခုနှစ်မှာတော့ Amsterdam Pearl Society က ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အဖွဲ့အစည်းက 'အိပ်ပျော်နေတဲ့ခြင်္သေ့' လို့ အမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး ရေချိုပုလဲကို ကြာသပတေးနေ့ (မေလ ၃၁ ရက်) မှာ လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD