AD
AD
AD

အမေရိကန်နိုင်ငံမှာ အီးကိုလိုင် (E. coli) ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အကြီးအကျယ် ဖြစ်ပွားနေမှုကြောင့် ယခုအခါ သေဆုံးသူငါးဦးရှိပြီ ဖြစ်ပါတယ်။ အမေရိကန်ပြည်နယ် ၃၅ ခုမှာ မုန်ညင်းတွေမှာ ပါဝင်နေတဲ့ အီးကိုလိုင်ဗိုင်းရပ်စ် ကူးစက်ခံရမှု ၁၉၇ ခု စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

play


အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (Centers for Disease Control and Prevention - CDC) ရဲ့ ပြောကြားမှုအရ မေလ ၁၆ ရက်မှစပြီး အီးကိုလိုင်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅ ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။ အီးကိုလိုင်ကြောင့် သေဆုံးခဲ့သူတွေအနက် သုံးဦးဟာ မင်နီဆိုးတားပြည်နယ်မှဖြစ်ပြီး အခြား သုံးဦးကတော့ အာကင်ဆက်၊ ကယ်လီဖိုးနီးယားနဲ့ နယူးယော့ခ်တို့မှ ဖြစ်ပါတယ်။

play


ယခုဖြစ်ပွားနေတဲ့ အီးကိုလိုင်ဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အမေရိကန်မှာ အများဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။ ၂၀၀၆ ခုနှစ်က အမေရိကန်တစ်ဝှမ်း အီးကိုလိုင်ဗိုင်းရပ်စ် ပျံ့နှံ့ပါဝင်တဲ့ ဟင်းနုနွယ်ရွက်စားသုံးခဲ့သူ ၂၀၀ ကျော် နေမကောင်းဖြစ်ခဲ့ကြပါတယ်။

CDC ရဲ့ အဆိုအရ လက်ရှိ ဖြစ်ပွားနေတဲ့ အီးကိုလိုင်ဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှ သုံးပတ်ကြာ နေမကောင်းဖြစ်ခဲ့ကြကြောင်းနဲ့ အရောင်းဆိုင်တွေမှာ အီးကိုလိုင်ပါဝင်နေတဲ့ မုန်ညင်းတွေရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

play


အမေရိကန်ပြည်နယ်တွေမှ ကူးစက်ပျံ့နှံ့နေတဲ့ အီးကိုလိုင်ဗိုင်းရပ်စ်ဟာ အာရီဇိုးနားပြည်နယ်ရှိ Yuma စိုက်ပျိုးရေးဒေသမှ စတင်ခဲ့တယ်လို့ ယူဆထားပါတယ်။

သို့သော် အစားအစာနဲ့ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ကတော့ အဆိုပါဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့တဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ ဖြန့်ဖြူးရောင်းချတဲ့နေရာကို တရားဝင် ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

play


အီးကိုလိုင်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားခဲ့တဲ့နေရာကို ဆက်လက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ CDC ရဲ့ ပြောကြားမှုအရ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေအချို့ဟာ မုန်ညင်းစားခဲ့သူတွေ မဟုတ်ကြဘဲ အခြား ကူးစက်ခံထားရသူတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီးနောက် နေမကောင်းဖြစ်လာကြတယ်လို့ သိရပါတယ်။

အမေရိကန်မှာ အီးကိုလိုင်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖြစ်ပွားနေခဲ့ပါတယ်။ အီးကိုလိုင်ဗိုင်းရပ်စ် ကူးစက်ခံရပါက အများအားဖြင့် ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အော့အန်ခြင်း လက္ခဏများ ခံစားရလေ့ရှိပြီး ပြင်းထန်တဲ့ အခြေအနေမှာ ကျောက်ကပ်ပျက်စီးနိုင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

- အမေရိကန်မှာ အီးကိုလိုင်ပိုးပါဝင်နေတဲ့ မုန်ညင်းစားမိပြီး ပထမဆုံး သေဆုံးမှုရှိလာ

- အမေရိကန်မှာ အီးကိုလိုင်ပိုးပါဝင်နေတဲ့ မုန်ညင်းစားမိသူ ၉၈ ဦး နေမကောင်းဖြစ်ပြီး ၄၆ ဦးကို ဆေးရုံတင်ရ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD