AD
AD
AD

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပလပ်စတစ်အိတ် ၈၀ ကျော်ကို စားမိခဲ့ပြီးနောက် သေဆုံးသွားခဲ့တဲ့ ဝေလငါးတစ်ကောင်ကို တွေ့ရှိခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


ဝေလငါးကို ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ လက်လျှော့ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ပလပ်စတစ်အိတ်သုံးစွဲမှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ ကမ်းခြေတွေအနီးမှာ ရေနေသတ္တဝါများ နှစ်စဉ် ရာနဲ့ချီ သေဆုံးကြလေ့ရှိကြောင်း သိရပါတယ်။

play


ပလပ်စတစ်အိတ်များ စာမိပြီးနောက် သေလုမျောပါး ဖြစ်နေတဲ့ လမ်းပြဝေလငါးငယ် အထီးတစ်ကောင်ကို မလေးရှားနဲ့နယ်စပ်အနီး တူးမြောင်းတစ်ခုအတွင်း တွေ့ရှိခဲ့ရကြောင်း ပင်လယ်ရေလမ်းကြောင်းနဲ့ ကမ်းရိုးတန်း သဘာဝရင်းမြစ်များဆိုင်ရာဌာနက (Department of Marine and Coastal Resources - DMCR) စနေနေ့ (ဇွန်လ ၂ ရက်) မှာ ပြောခဲ့ပါတယ်။

play


တိရိစ္ဆာန်ဆေးကုအဖွဲ့တစ်ဖွဲ့က ဝေလငါးကို ကယ်တင်နိုင်ရန် ကြိုးပမ်းကုသပေးခဲ့ပေမဲ့ ဇွန်လ ၁ ရက် မွန်းလွဲပိုင်းမှာ သေဆုံးသွားခဲ့ကြောင်း အဆိုပါဌာနရဲ့ Facebook page မှာ ရေးသားထားပါတယ်။ သေဆုံးသွားခဲ့တဲ့ ဝေလငါးကို ခွဲစိတ်စစ်ဆေးခဲ့ရာမှာ အစာအိမ်အတွင်း အလေးချိန် ၁၇ ပေါင်ခွဲကျော်ရှိတဲ့ ပလပ်စတစ်အိတ် ၈၀ ကျော်ကို တွေ့ခဲ့ရပါတယ်။

ဝေလငါးကို ကယ်တင်နိုင်ရန် ကြိုးပမ်းနေစဉ်အတွင်း ပလပ်စတစ်အိတ်ငါးလုံး အန်ထုတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ပလပ်စတစ်အိတ်တွေကိုကြောင့် ဝေလငါးဟာ ၎င်းအတွက် လိုအပ်တဲ့ အခြား အစားအစာတွေကို မစားနိုင်တော့ကြောင်း ပင်လယ်ပြင် ဇီဝဗေဒပညာရှင် Thon Tharmrongnawasawat က ပြောခဲ့ပါတယ်။

play


"အစာအိမ်ထဲမှာ ပလပ်စတစ်အိတ် အလုံး ၈၀ ရောက်နေခဲ့တော့ သေပြီပေါ့" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေပြင်ပိုင်နက်အတွင်း ပလပ်စတစ်ပစ္စည်းတွေ စားမိခဲ့ပြီးနောက် ဝေလငါး၊ လင်းပိုင်နဲ့ ပင်လယ်လိပ် အကောင်ရေ ၃၀၀ ထက်မနည်း နှစ်စဉ် သေဆုံးနေကြောင်း Thon က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ "ဒါဟာ ပြဿနာကြီးတစ်ခုပါပဲ၊ ကျွန်တော်တို့ ပလပ်စတစ်တွေ အများကြီးသုံးစွဲနေကြတယ်" လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD