AD
AD
AD

မြန်မာနိုင်ငံဘက်ကနေ တရားမဝင်မှောင်ခိုတင်သွင်းနေတဲ့ မူးယစ်ဆေးတွေဟာ သတိထားရမယ့် အနေအထားတစ်ခုအထိ ဖြစ်လာတာကြောင့် ဘင်္ဂလာဒေ့ရှ်အတွက်တော့ ယာဘ မူးယစ်ဆေးပြားဟာ ခေါင်းခဲစရာ ကိစ္စဖြစ်လာပါပြီ။

ဘင်္ဂလားဒေ့ရှ်က မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲအရာရှိတွေရဲ့ပြောကြားချက်အရ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်အတွင်းမှာ ယာဘ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့စက်ရုံ (၃၇) ခုထိ ရှိနေပြီး စက်ရုံတွေကနေထွက်ရှိလာတဲ့ မူးယစ်ဆေးပြားတွေကို နိုင်ငံပေါင်းစုံကို တရားမဝင်တင်ပို့ပြီး ဝင်ငွေရှာနေကြတယ်လို့ ဆိုပါတယ်။

play


ဒါ့အပြင် ဘင်္ဂလာဒေ့ရှ်က စုံစမ်းထောက်လှမ်းရေးအရာရှိတွေရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံက မူးယစ်ဂိုဏ်း (၁၄) ဂိုဏ်းက အဲဒီစက်ရုံတွေကို ဦးစီးလုပ်ဆောင်နေတာဖြစ်ပြီး စက်ရုံကထွက်ရှိလာတဲ့ ယာဘ မူးယစ်ဆေးပြားတွေကို ကော့ဘဇားက မူးယစ်ရောင်းဝယ်ရေးသမားတွေဆီကို ပေးပို့နေတယ်လို့ ပြောထားပါတယ်။

အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးရဲ့ပြောကြားချက်အရ ပြီးခဲ့တဲ့နှစ် သြဂုတ်လ မြန်မာပြည်မှာ ဘင်္ဂါလီအရေးအခင်း ဖြစ်ပြီးနောက်ပိုင်းမှာ ယာဘမူးယစ်ဆေး မှောင်ခိုသယ်ဆောင်သူ ဘင်္ဂါလီ ၅၀၀ လောက်နဲ့ လားကောင်ရေ ၁၀၀၀ ကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းကို ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်ပေးခဲ့သူတွေရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံဘက်မှာ ယာဘမူးယစ်ဆေးဝါး (၁၃)မျိုးကို စက်ရုံတွေနဲ့ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ တစ်ချို့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သြဇာလွှမ်းမိုးနိုင်သူတစ်ချို့ဟာ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူတွေရဲ့နောက်ကွယ်မှာ ရှိနေနိုင်တယ်လို့ သူတို့က စွပ်စွဲထားပါသေးတယ်။

play


မောင်တော်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မှာရှိတဲ့ မူးယစ်ဆေးဝါးရောင်းချသူတွေဟာ န.စ.က က တာဝန်ရှိသူတွေ၊ အကောက်ခွန်အရာရှိတွေ၊ ဒေသခံရဲအရာရှိတွေ၊ ရှမ်းပြည်နယ်က အစိုးရသတင်းပေးတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိကြတယ်လို့ ဒုက္ခသည်စခန်းက ဆမ်ဘာအလီက ပြောကြားပါတယ်။

"ယာဘ ဆေးပြားတွေဟာ သူတို့တွေရဲ့ အဓိကဝင်ငွေရလမ်းပဲလေ။ ဒါကြောင့် ယာဘထုတ်တာတွေ၊ ရောင်းချတာတွေမှာ သူတို့တွေ တိုက်ရိုက်ပါဝင်ပတ်သတ်နေကြတာ" ဟု မူးယစ်ဆေးဝါးရောင်းချသူ ရာရှစ်ကူလုက ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ယာဘစက်ရုံတွေကို ပိတ်သိမ်းပေးဖို့ မြန်မာဘက်ကို အကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့ပေမယ့် ယခုအချိန်တဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်မှုမျိုး မတွေ့သေးပါဘူး။

ယာဘ မှောင်ခိုလမ်းကြောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ယာဘတွေ တရားမဝင်ဝင်ရောက်ခဲ့တာက ၁၉၉၀ ခုနှစ်ကတည်းဖြစ်ပါတယ်။ အစတုန်းကတော့ အဲဒီဆေးပြားတွေဟာ ထိုင်းနိုင်ငံဘက်က ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဝယ်လိုအား မြှင့်လာတဲ့နောက်ပိုင်းမှာ ရှမ်းပြည်နယ်က မျိုးစုံသောအုပ်စုတွေဟာ ကိုယ်ပိုင်စက်ရုံတွေတည်ထောင်ပြီး သူတို့ဝင်ငွေကောင်းဖို့ စတင်လုပ်ဆောင်ကြပါတော့တယ်။

play


"လက်ရှိ ယာဘ မှောင်ခိုလမ်းကြောင်းက ရှမ်းပြည်နယ်က စတင်ပါတယ်။ အဲဒီကနေတစ်ဆင့် ရန်ကုန်ကို ပို့တယ်။ ရန်ကုန်ကနေ စစ်တွေ၊ ပြီးတော့ မောင်တောကို ဆက်ပို့တယ်" ဟု ဘင်္ဂလားဒေ့ရှ်က ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။

နောက်ဆုံးမှာတော့ ပါကင်ထုတ်ထားတဲ့ ယာဘဆေးပြားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ကော့ဘဇား၊ ချစ်တဂုန်းနဲ့ ဘာရန်ဆိုင်းမြို့တွေဆီကို တရားမဝင် မှောင်ခိုလမ်းကြောင်းကတစ်ဆင့် ရောက်ရှိ သွားပါတော့တယ်။

မူးယစ်ဆေးဝါးရောင်းချသူတွေဟာ အစိုးရအသိအမှတ်ပြုဘဏ်တွေကနေတစ်ဆင့် တိုက်ရိုက် ငွေပေးငွေယူလုပ်ကြပြီး ငွေကြေးသက်သေခံစာရွက်တွေတောင် မသုံးကြဘူးလို့ Teaknf ကုန်သွယ်ရေးစခန်းက သတင်းရစ်မြစ်တွေအရ သိရှိရပါတယ်။

play


ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတစ်ဦးရဲ့ အပြောအရ သူတို့နယ်ခြားစောင့်တပ်ဟာ နက်ဗ် မြစ်ကို လုံခြုံရေးတင်းကျပ်လိုက်တာကြောင့် ယာဘ မှောင်ခိုသမားတွေဟာ ဘင်္ဂလားပင်လယ်အော်လမ်းကြောင်းကို အသုံးပြုပြီး ဘရမ်ဆိုင်း၊ ကော့ဘဇား စတဲ့နေရာတွေဆီထိရောက်အောင် ပို့ဆောင်ကြတယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ စစ်တပ်နဲ့ ကမ်းခြေစောင့်တပ်တွေဟာ တန်နဲ့ချီတဲ့ ယာဘဆေးပြားတွေ သယ်ဆောင်လာတဲ့ ငါးဖမ်းသင်္ဘောတွေကို မကြာခဏ ဖမ်းမိတာမျိုး ကြုံတွေ့ခဲ့ကြပါတယ်။

"အရင် ၂၀၁၅ မတိုင်ခင်တုန်းက ရှမ်းပြည်နယ်မှာ ယာဘစက်ရုံတွေက ၅၀ ကျော်ရှိတယ်၊ အခုတော့ ၃၇ ခုပဲကျန်တော့တာပေါ့။ ဒါပေမယ့် ယာဘဆေးပြားပမာဏကတော့ တစ်ရက်ပြီးတစ်ရက် တိုးလာတာကိုတွေ့ရတယ်" ဟု ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနက ဒုဗိုလ်ချုပ်ကြီး အူဒင်အာမက်က ပြောကြားပါတယ်။

- Dhaka Tribune တွင် ဖော်ပြထားသော From Myanmar to Bangladesh: Yaba’s journey of a thousand miles ကို ကိုဇော်သူရိန်ထွန်း က ဆီလျော်အောင်ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD