AD
AD
AD

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဇွန်လ ၁၂ ရက် စင်ကာပူ ထိပ်သီးဆွေးနွေးပွဲ ကြိုတင်ပြင်ဆင်မှုအဖြစ် ၎င်းရဲ့ညာလက်ရုံး ဗိုလ်ချုပ်ကြီးကင်မ်ယောင်ချိုလ် ဦးဆောင်တဲ့ သံတမန်အဖွဲ့ကို အမေရိကန်သို့ မေလကုန်ပိုင်းမှာ စေလွှတ်ခဲ့ပါတယ်။

play


ကင်မ်ဂျုံအန်က ၎င်းရဲ့ညာလက်ရုံး ကင်မ်ယောင်ချိုလ်နဲ့အတူ သမ္မတထရန့်ထံသို့ စာတစ်စောင်ကိုလည်း ပေးပို့လိုက်ပါတယ်။ ကင်မ်ဂျုံအန်ရဲ့စာက အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်ကို အဆုံးအဖြတ်ပေးနိုင်ကြောင်းလည်း ထရန့်က ပြောခဲ့ပါတယ်။

ကင်မ်ယောင်ချိုလ်ဟာ ဇွန်လ ၁ ရက်မှာ အမေရိကန်သမ္မတ အိမ်ဖြူတော်ကိုရောက်ရှိလာခဲ့ပြီး ထရန့်နဲ့တွေ့ဆုံရာမှာ ကင်မ်ဂျုံအန်ရဲ့စာကို ပေးအပ်ခဲ့ပါတယ်။

play


သမ္မတထရန့်ထံသို့ ကင်မ်ဂျုံအန် ပေးပို့လိုက်တဲ့စာအိတ်ဟာ မြင်တွေ့ရသူတွေအဖို့ ပြုံးချင်စရာ ဖြစ်ခဲ့ပါတယ်။ ကင်မ်ဂျုံအန်ရဲ့ ပေးပို့လိုက်တဲ့စာကို ထည့်ထားတဲ့စာအိတ်ဟာ ပုံမှန်အသုံးပြုနေကြ စာအိတ်တွေနဲ့မတူဘဲ အလွန်ကြီးမားနေတာ တွေ့ခဲ့ကြရပါတယ်။

သမ္မတထရန့်ဟာ ၎င်းထံကို ကင်မ်ဂျုံအန် ပေးပို့လိုက်တဲ့ စာအိတ်ကြီးကို လက်ခံရယူပြီးနောက် ကင်မ်ယောင်ချိုလ်နဲ့အတူ ပြုံးရယ်ပြီး ဓာတ်ပုံအရိုက်ခံနေတာကိုလည်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

play


ကင်မ်ဂျုံအန်ရဲ့ ပေးစာနဲ့ပတ်သက်ပြီး "အရမ်းကောင်းတဲ့စာတစ်စောင်ပါ" လို့ ထရန့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သို့သော် စာထဲမှာ ကင်မ်ဂျုံအန် ရေးသားထားတာတွေကိုတော့ သမ္မတထရန့်က ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ ကင်မ်ယောင်ချိုလ်နဲ့ တွေ့ဆုံအပြီးမှာတော့ သမ္မတထရန့်က ဇွန်လ ၁၂ ရက်မှာ ကင်မ်ဂျုံအန်နဲ့ တွေ့ဆုံမယ်လို့ ပြောကြားခဲ့ပါတယ်။

play


အမေရိကန်ကို မေလ ၃၀ ရက်မှာ ရောက်ရှိလာခဲ့တဲ့ မြောက်ကိုရီးယား စစ်ဘက်ထောက်လှမ်းရေး အကြီးအကဲဟောင်း ကင်မ်ယောင်ချိုလ်ဟာ နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ကို ပထမဆုံးရောက်ရှိလာတဲ့ မြောက်ကိုရီးယားရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာပါတယ်။

၎င်းက မေလ ၃၁ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွက် ညှိနှိုင်းခဲ့သေးကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD