AD
AD
AD

ဖိလစ်ပိုင်သမ္မတ ရိုဒီဂိုဒူတာတေးက တောင်ကိုရီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့စဉ်အတွင်း ဖိလစ်ပိုင် အမျိုးသမီးတစ်ဦးရဲ့ နှုတ်ခမ်းကို စကားပြောစင်မြင့်ပေါ်မှာ အနမ်းပေးခဲ့မှုအပေါ် အွန်လိုင်းသုံးသူတွေကြား ဝေဖန်မှုတွေနဲ့ လှောင်ပြောင်သရော်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

play


ဒူတာတေးက ၎င်းရဲ့ခရီးစဉ်အတွင်း ဇွန်လ ၄ ရက် ညပိုင်းမှာ တောင်ကိုရီးယားရောက် ဖိလစ်ပိုင်လူမျိုးတွေနဲ့ တွေဆုံပွဲမှာ မိန့်ခွန်းပြောနေစဉ် အဆိုပါ အမျိုးသမီးကို စင်မြင့်ပေါ်သို့ခေါ်လိုက်ပြီးနောက် သူမရဲ့နှုတ်ခမ်းကို အနမ်းပေးခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ သမ္မတဒူတာတေးရဲ့ ယနေ့ (ဇွန်လ ၄ ရက်) လုပ်ရပ်နဲ့ပတ်သက်ပြီး ဒူတာတေးက ၎င်းကိုဝေဖန်သူ အမျိုးသမီးတွေကို နည်းလမ်းထွင်ပြီး မခံချိမခံသာဖြစ်အောင် လုပ်ဆောင်မှုဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုခဲ့ပါတယ်။

play


သို့သော် ဖိလစ်ပိုင်လူမျိုး အများအပြားကတော့ ဒူတာတေးရဲ့ အနမ်းခြွေမှုဟာ ပရိသတ်များပျော်ရွှင်စေရန် ရည်ရွယ်တာလို့သာ ထင်မြင်ယူဆကြပါတယ်။ ဒူတာတေးရဲ့ အနမ်းခံခဲ့ရတဲ့ ဖိလစ်ပိုင်အမျိုးသမီးကလည်း သမ္မတက တမင်ရည်ရွယ်ချက်ဖြင့် သူမကို နမ်းခဲ့တာမဟုတ်ကြောင်း နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

ယခုဖြစ်ရပ်ဟာ အသက် ၇၃ နှစ်အရွယ် သမ္မတဒူတာတေးက အမျိုးသမီးတွေကို မလျော်ကန်တဲ့ အပြုအမူတွေ လုပ်ဆောင်ကြောင်း ပထမဆုံးအကြိမ် စွပ်စွဲခံမှုမဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဝေဖန်သူတွေက ဒူတာတေးဟာ မိန်းမမုန်းသူတစ်ယောက် ဖြစ်တယ်လို့ သတ်မှတ်ထားကြပြီး အမျိုးသမီးတွေကို ရိုင်းစိုင်းစွာနဲ့ နှိမ့်ချပြောဆိုမှုတွေ ရှိခဲ့ဖူးကြောင်း စွပ်စွဲထားကြပါတယ်။

play


ဒူတာတေးကတော့ စွပ်စွဲပြောဆိုမှုတွေကို ပယ်ချလိုက်ပြီး အမျိုးသမီးကို အနမ်းပေးခဲ့မှုဟာ တောင်ကိုရီးယားမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေနဲ့ တွေ့ဆုံနှုတ်ဆက်စဉ် ၎င်းတို့ကို ပျော်စေချင်ရုံအဖြစ် ပြုလုပ်ခဲ့တဲ့ ထွင့်လုံးတစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒူတာတေးက မိန့်ခွန်းပြောနစဉ်အတွင်း ပရိသတ်ထဲမှ မည်သူမှန်းမသိထားတဲ့ အမျိုးသမီးတစ်ဦးကို စင်မြင့်ပေါ်သို့ခေါ်လိုက်ပါတယ်။ ထို့နောက် ထိုအမျိုးသမီးနဲ့ စကားအနည်းပြောခဲ့ပြီး လက်ထဲမှစာအုပ်ကို အမျိုးသမီးထံ ပေးအပ်ခဲ့ကာ အပြန်အလှန်အားဖြင့် ၎င်းကိုအနမ်းပေးရန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

play


သမ္မတဒူတာတေးက နမ်းခွင့်တောင်းမှုကို လက်ခံခဲ့တဲ့ အမျိုးသမီးဟာ အိမ်ထောင်ရှိသူ တစ်ဦးဖြစ်ပြီး သမ္မတဒူတာတေးနဲ့ တွေ့ဆုံရမှုအတွက် စိတ်လှုပ်ရှားနေခဲ့တာ တွေ့ရပါတယ်။ ဒူတာတေးက အဆိုပါ အမျိုးသမီးကို စင်မြင့်ပေါ်မှာ အနမ်းပေးခဲ့ပြီးနောက် "တစ်ကယ်ကြီး မမှတ်ယူကြပါနဲ့၊ ဒါက အပျော်သဘောပါ၊ ထွင်လုံးတစ်ခုပါ" လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။

ထိုဖြစ်ရပ်အပြီးမှာတော့ ဖိလစ်ပိုင်အစိုးရပိုင် Philippine News သတင်းဌာနက သမ္မတဒူတာတေး အနမ်းပေးခဲ့တဲ့ အမျိုးသမီးဟာ Bea Kim အမည်ရှိသူဖြစ်ကြောင်း ဖော်ပြခဲ့ပြီး သူမနဲ့ အင်တာဗျူးဗီဒီယိုကိုလည်း သတင်းဌာနရဲ့ Facebook page မှာ လွှင့်တင်ခဲ့ကြောင်း သိရပါတယ်။

play


"ဒီလို အနမ်းပေးခဲ့တာမှာ ကြိုတင်ရည်ရွယ်ချက် မရှိခဲ့ပါဘူး၊ ကျွန်မအတွက်ရော၊ သမ္မတကြီးအတွက်ရော ဒါက ဘာမှမဟုတ်ပါဘူး" လို့ Bea Kim က ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်း ဆိုးလ်မြို့မှာ ဖိလစ်ပိုင်လူမျိုး ၃,၀၀၀ ခန့်ကို တွေ့ဆုံခဲ့ကြာင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD