AD
AD
AD

ဂွာတီမာလာနိုင်ငံမှာ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၆၉ ဦးထက်မနည်းရှိလာကြောင်း အာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

play


တနင်္ဂနွေနေ့ (ဇွန်လ ၃ ရက်) မှာ ဂွာတီမာလာမြို့တော်ရဲ့ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ဖူအေဂို မီးတောင် ကြောက်ဖက်ဖွယ်ရာ ပေါက်ကွဲခဲ့ပြီး အလွန်ပူပြင်းတဲ့ ကျောက်တုံးများ၊ မီးတောင် ချော်ရည်ပူများနဲ့ ပြာမှုန်များထွက်ရှိကာ တောင်ခြေရှိကျေးရွာများ ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ခဲ့ပါတယ်။

play


မီးတောင်ပေါက်ကွဲမှုကြောင့် ထောင်နဲ့ချီတဲ့ သေခံတွေကို ရွှေ့ပြောင်းပေးခဲ့ရပြီး ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်လျက်ရှိပါတယ်။ မီးတောင်ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၃၀၀ နီးပါးရှိခဲ့ကြောင်းလည်း သိရပါတယ်။ မီးတောင်ပညာရှင်တွေရဲ့ အဆိုအရ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဖူအေဂို (Fuego) မီးတောင်ကနေ မှုတ်ထုတ်လိုက်တဲ့ ပြာမှုန်တွေဟာ ကောင်းကင်ထဲသို့ အမြင့်ပေ ၃၃,၀၀၀ အထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

play


လေတိုက်ခတ်မှုနဲ့အတူ ဖူအေဂိုမီးတောင်မှ ပြာမှုန်များ ဂွာတီမာလာမြို့ရဲ့ နေရာဒေသတွေကို ကျရောက်လာခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ မီးတောင်ပေါက်ကွဲမှု ရပ်တန့်သွားပြီလို့လည်း ဆိုပါတယ်။

play


ဖူအေဂို မီးတောင်ပေါက်ကွဲခဲ့ပြီးနောက် အလွန်ပူပြင်းတဲ့ ဓာတ်ငွေ့၊ မီးတောင်ချော်ရည်၊ ပြာမှုန်များနဲ့ အခား မီးတောင်မှထွက်ရှိလာတဲ့အရာတွေက တောင်စောင်းအတိုင်း လျင်မြန်စွာ စီးဆင်းသွားကာ တောင်ခြေရှိ El  Rodeo နဲ့ San Miguel Los Lotes ကဲ့သို့ ကျေးရွာတွေကို ရောက်ရှိဖုံးလွှမ်းခဲ့ကြောင်း သိရပါတယ်။

play


မီးတောင်ပေါက်ကွဲမှုအတွင်း ပျောက်ဆုံးနေသူတွေကို မီးသတ်တပ်ဖွဲ့နဲ့အတူ စစ်သားများက ကူညီရှာဖွေနေကြကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဖူအေဂို မီးတောင်ဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းလည်း မီးတောင်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

play


မီးတောင်ချော်ရည်တွေက ပြောင်းဖူးစိုက်ခင်းတွေကို ဖုံးလွှမ်းသွားခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက် ယခုထက်ပိုများနိုင်တယ်လို့ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက Diario de Centroamerica သတင်းစာကို တနင်္လာနေ့ (ဇွန်လ ၄ ရက်) မှာ ပြောခဲ့ပါတယ်။

play


"တစ်ယောက်မှ မလွတ်နိုင်ခဲ့ဘူး၊ သူတို့ ချော်ရည်တွေဖုံးလွှမ်းခံခဲ့ရတယ်လို့ ကျွန်မထင်တယ်" လို့ ကွန်ဆူလို ဟာနက်ဒက်ဇ်က ပြောပါတယ်။ ဖူအေဂိုမီးတောင် ပေါက်ကွဲမှုဟာ လူတစ်သန်းကို သက်ရောက်မှုရှိခဲ့ကြောင်း ဂွာတီမာလာအစိုးရက ဆိုပါတယ်။

play


မီးတောင်ပေါက်ကွဲမှုမှ ချော်ရည်ပူနဲ့ အခြားအရာများ စီးဆင်းမှုအမြန်နှုန်းဟာ တစ်နာရီလျှင် ၄၃၅ မိုင်အထိရှိနိုင်ပြီး အလွန်ပူပြင်းတဲ့ ဓာတ်ငွေ့၊ ကျောက်တုံးများနဲ့ ချော်ရည်ပူတွေရဲ့ အပူချိန်ဟာ ၂၀၀ ဒီဂရီဆဲလ်စီးယပ်နဲ့ ၇၀၀ ဒီဂရီဆဲလ်စီးယပ်ကြား ရှိနိုင်တယ်လို့ သိရပါတယ်။

မီးတောင်ပေါက်ကွဲခဲ့တဲ့ ဂွာတီမာလာနိုင်ငံ ကမ်းရိုးတန်းဒေသမှာ ဇွန် ၄ ရက်ကလည်း အင်အား ရစ်(ခ်)စကေး ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရမှုသတင်း မရှိခဲ့ဘူးပါဘူး။ ငလျင်လှုပ်ခတ်မှုကို ဂွာတီမာလာမြို့တော်မှာ မခံစားခဲ့ရဘူးလို့လည်း ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD