AD
AD
AD

ပစိဖိတ်သမုဒ္ဒရာကို ပထမဆုံး ရေကူးဖြတ်သန်းသူအဖြစ် စံချိန်တင်ရန်အတွက် ပြင်သစ်ရေကူးသမားတစ်ဦးက ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကနေ ယနေ့ (ဇွန်လ ၅ ရက်) စတင်ထွက်ခွာ ကူးခတ်ခဲ့ပြီဖြစ်ပါတယ်။

play


အသက် ၅၁ နှစ်အရွယ် ဘင်လီကမ်တီက ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းရန် တစ်ရက်လျှင် ၅ နာရီကြာ ရေကူးမှာဖြစ်ပြီး ၎င်းရဲ့ခရီးရှည်ဟာ ခြောက်လကျော်ကြာမယ်လို့လည်း သိရပါတယ်။ လီကမ်တီရဲ့ ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းတဲ့ခရီးရှည်ဟာ အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းမှာ အဆုံးသတ်မှာဖြစ်ပါတယ်။

play


ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းစဉ်အတွင်း ၎င်းဟာ ငါးမန်းများ၊ မုန်တိုင်းများ၊ ဂျယ်လီငါးအုပ်စုနဲ့ ရေအပူချိန် အလွန်အမင်းလျော့ကျမှု အပါအဝင် အန္တရာယ်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဘင်ရဲ့ ပစိဖိတ်သမုဒ္ဒရာဖြတ် ရေကူးခရီးစဉ်ဟာ မိုင်ပေါင်း ၅,၅၀၀ ကွာဝေးပြီး ထိုခရီးစဉ်အတွင်း သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က သုတေသနလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

play


ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းတဲ့ ၎င်းရဲ့ကြိုးပမ်းအားထုတ်မှုဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို သဘောပေါက်သိရှိကြစေရန် မျှော်လင့်ထားကြောင်း ဘင်က ပြောပါတယ်။ ဘင်လီကမ်တီဟာ ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းရန်အတွက် ခြောက်နှစ်ကြာ ကြိုတင်ပြင်ဆင်ခဲ့ကြောင်းလည်း ၎င်းရဲ့ Twitter မှာ ရေးထားခဲ့ပါတယ်။

ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းတဲ့ ခရီးစဉ်အတွင်း ဘင်လီကမ်တီနဲ့ သိပ္ပံပညာရှင်အဖွဲ့က ပလပ်စတစ်အမှိုက်တွေက သမုဒ္ဒရာကိုသက်ရောက်မှုအပေါ် လေ့လာဆန်းစစ်ကြမယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ နေထိုင်တဲ့ လီကမ်တီဟာ ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းရန် နေ့စဉ် နာရီအတန်ကြာ ရေကူးလေ့ကျင့်ခဲ့ပါတယ်။

play
ပစိဖိတ်သမုဒ္ဒရာအတွင်းမှ အမှိုက်များ


ဒါ့အပြင် ၎င်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက်လည်း လီကမ်တီက လေ့ကျင့်ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ "စိတ်ဓာတ်ကြံ့ခိုင်မှုက ခန္ဓာကိုယ်ကြံ့ခိုင်မှုထက် အများကြီး အရေးပါပါတယ်၊ အမြဲတမ်း အကောင်းဘက်က တွေးတတ်ဖို့လိုပါတယ်" လို့ ၎င်းက AFP သတင်းဌာနကို ပြောပါတယ်။

လီကွမ်တီက ၁၉၉၈ ခုနှစ်မှာလည်း အတ္တလန်တစ်သမုဒ္ဒရာကို ဖြတ်သန်းပြီး မိုင်ပေါင်း ၄,၀၀၀ အကွာအဝေးကို ၇၃ ရက်ကြာ တစ်ကိုယ်တော် ရေကူးဖြတ်သန်းခဲ့ဖူးပါတယ်။ ထိုစဉ်က လီကမ်တီဟာ ရေကူးဖြတ်သန်းတဲ့ ခရီးရှည်ပြီးဆုံးကာ ပြင်သစ်ကမ်းခြေကို ရောက်ရှိခဲ့ပြီးနောက် ပထမဆုံး စကားအနေနနဲ့ 'နောက်ဘယ်တော့မှ ဒီလို ရေမကူးတော့ဘူး" လို့ ပြောခဲ့ဖူးပါတယ်။

play


သို့သော် လီကမ်တီက နောက်တစ်ကြိမ် စိန်ခေါ်မှုအဖြစ် ပစိဖိတ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းမှု စတင်လိုက်တာလည်းဖြစ်ပါတယ်။ "ကျွန်တော် စိတ်ပြောင်းသွားဖို့ သိပ်မကြာလိုက်ပါဘူး၊ သုံးလ လေးလလောက်ကြာတော့ အတ္တလန်တစ်သမုဒ္ဒရာကို ရေကူးဖြတ်သန်းခဲ့သလိုမျိုး နောက်ထပ် စွန့်စားမှုလုပ်ဖို့ ကျွန်တော် တွေးတောနေခဲ့မိပြီလေ" လို့ လီကမ်တီက NPR သတင်းဌာနကို ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD