AD
AD
AD

ဗြိတိန်နိုင်ငံ ဆောက်သမ်တန်မှာနေထိုင်တဲ့ ဆိုဖီဟိုလင်းစ် အမည်ရှိ ဆယ်ကျော်သက် ကျောင်းသူလေးက Marfan လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့် ပုံမှန်ထက် အရပ်ရှည်ထွက်လာခဲ့ပြီးနောက် ကမ္ဘာ့အရပ်အရှည်ဆုံး မိန်းကလေးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။

play


ဆိုဖီဟာ သူမရဲ့ရောဂါကြောင့် လမ်းလျှောက်တတ်ခါစ ကလေးဘဝအရွယ်မှာကတည်းက အခြား ရွယ်တူကလေးတွေထက် အရပ်ပိုရှည်နေခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါ အသက် ၁၂ နှစ်အရွယ် ဆိုဖီဟာ အရပ်အမြင့် ၆ ပေ ၂ လက်မ ရှိလာခဲ့ပြီး ဂင်းနစ်စံချိန်တင် ကမ္ဘာ့အရပ်အရှည်ဆုံး မိန်းကလေးဖြစ်လာခဲ့ပါတယ်။

play


"ကျွန်မ တခြားသူတွေနဲ့ မတူဘူးဖြစ်နေတာကို အမြဲသိနေခဲ့ပါတယ်၊ ကျွန်မ ကျောင်းစတက်တဲ့နေ့ကတည်းက ကျွန်မရဲ့အတန်းထဲမှာ အရပ်အရှည်ဆုံး ဖြစ်နေခဲ့တယ်လေ" လို့ ဆိုဖီက ပြောပါတယ်။ ဆိုဖီရဲ့ မိခင် အသက် ၄၄ နှစ်အရွယ် Lorraine က အရပ်အမြင့် ၅ ပေ ၄ လက်မနဲ့ ဖင်ဖြစ်သူ Ian က အရပ်အမြင့် ၅ ပေ ၁၀ လက်မဖြစ်ရာ ဆိုဖီက မိဘတွေထက် သိသာစွာ အရပ်ပိုမြင့်နေပါတယ်။

ဆိုဖီဟာ Marfan ရောဂါ ဖြစ်နေကြောင်းကို သူမရဲ့အသက် ၈ လအရွယ်မှာကတည်းက စတင်သိရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် ပုံမှန်မဟုတ်တဲ့ Marfan ရောဂါဟာ အသက်အန္တရာယ်ရှိနိုင်ပြီး ခန္ဓာကိုယ်ရဲ့ တွယ်ဆက်တစ်ရှူးတွေကို သက်ရောက်မှုရှိကြောင်း သိရပါတယ်။

play


ထိုရောဂါကြောင့် ပုံမှန်မဟုတ်တဲ့ ဟိုမုန်းပမာဏဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ရှည်ထွက်လာစေတယ်လို့ ဆိုပါတယ်။ Marfan ရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရတဲ့ ဆိုဖီဟာ အသက် ၆ နှစ်အရွယ်မှာပင် အရပ်အမြင့် ၄ ပေ ၁၀ လက်မ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

play


အသက် ၁၀ နှစ်အရွယ်မှာတော့ သူမရဲ့အရပ်ဟာ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးရဲ့ ပျမ်းမျှ အရပ်အမြင့်နဲ့တူညီခဲ့ပြီး ၅ ပေ ၁၁ လက်မ ဖြစ်လာခဲ့ပါတယ်။ ပုံမှန်ထက် အရပ်ပိုရှည်လာခဲ့တဲ့ ဆိုဖီကို လွန်ခဲ့တဲ့ ၂ နှစ်မှာ ဆရာဝန်တွေက သူမရဲ့ ဒူးခေါင်းရှိ တစ်ရှူးတွေကိုဖျက်ဆီးပစ်ကာ အရပ်ရှည်ထွက်မှုကို ထိန်းချုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

play


ဆိုဖီက သူမရဲ့ အရပ်ရှည်မှုဟာ မကြာခင်မှာ ပုံမှန်ဖြစ်သွားမယ်လို့ မျှော်လင့်နေပါတယ်။ "အရပ်အမြင့် ၆ ပေ ၂ လက်မရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မက ဒီထက်ပိုပြီး အရပ်မရှည်ချင်တော့ပါဘူး" လို့ ဆိုဖီက ဗြိတိန်သတင်းစာတစ်စောင်ကို ပြောခဲ့ပါတယ်။

"အခုဆို ကျွန်မရဲ့ သူငယ်ချင်းတွေကလည်း ကျွန်မရဲ့အရပ်နီးပါး ဖြစ်လာကြပါတယ်၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာတော့ ကျွန်မက သူတို့ထက် အရပ်ပိုရှည်ထွက်နေတော့ နေရထိုင်ရ ခက်ခဲ့ပါတယ်၊ ဒါပေမဲ့လည်း အခုတော့ ဒီလိုဖြစ်တာ ပြီးသွားပါပြီ၊ ဆယ်ကျော်သက်တစ်ယောက် ဖြစ်လာရတာ ကျွန်မ စိတ်လှုပ်ရှားမိပါတယ်" လို့ ဆိုဖီက ဖွင့်ဟခဲ့ပါတယ်။

play


လက်ရှိမှာ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်ထားသူဟာ အသက် ၃၅ နှစ်အရွယ် တူရကီလူမျိုး Sultan Kosen ဖြစ်ပြီး အရပ်အမြင့် ၈ ပေ ၂.၈ လက်မ ဖြစ်ပါတယ်။

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးကတော့ အသက် ၃၀ အရွယ် တရုတ်နိုင်ငံသူ Sun Fang ဖြစ်ပြီး အရပ်အမြင့် ၇ ပေ ၃ လက်မရှိကြောင်း သိရပါတယ်။ ဆိုဖီကတော့ အရပ်အရှည်ဆုံး မိန်းကလေးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD