AD
AD
AD

ဂွာတီမာလာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖူအေဂို မီးတောင်ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၉၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနဲ့ အခြား ၁၉၂ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ယနေ့ (ဇွန်လ ၆ ရက်) ပြောပါတယ်။

play


ဇွန်လ ၃ ရက်မှာ ပေါက်ကွဲခဲ့တဲ့ ဖူအေဂို (Fuego) မီးတောင်ခြေရှိ ကျေးရွာတွေဟာ မီးတောင်ပြာမှုနဲ့ ချော်ရည်ပူများ ဖုံးလွှမ်းခံခဲ့ရပြီး နေအိမ်များပျက်စီးကာ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ခဲ့ပါတယ်။

ဖူအေဂိုမီးတောင်ဟာ ယမန်နေ့ (ဇွန်လ ၅ ရက်) မှာလည်း ထပ်မံ ပေါက်ကွဲမှုဖြစ်ခဲ့ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အခက်အခဲ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃,၀၀၀ ကျော်ကို ရွှေ့ပြောင်းခဲ့ရပြီး လူဦးရေ ၁.၇ သန်းကျော်ကို သက်ရောက်မှုရှိခဲ့ပါတယ်။

play


ဖူအေဂိုမီးတောင် ပေါက်ကွဲမှုမှထွက်ရှိလာတဲ့ ပြာမှုန်တွေဟာ ကောင်းကင်ထဲသို့ အမြင့်ပေ ၃၃,၀၀၀ အထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂွာတီမာလာမြို့တော်ရဲ့ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ဖူအေဂို မီးတောင်ဟာ ကြောက်ဖက်ဖွယ်ရာ ပေါက်ကွဲခဲ့ပြီး အလွန်ပူပြင်းတဲ့ ကျောက်တုံးများ၊ မီးတောင် ချော်ရည်ပူများနဲ့ ပြာမှုန်များထွက်ရှိလာကာ တောင်ခြေရှိ El  Rodeo နဲ့ San Miguel Los Lotes ကဲ့သို့ ကျေးရွာတွေကို ရောက်ရှိဖုံးလွှမ်းသွားခဲ့ပါတယ်။

ဖူအေဂို မီးတောင်ဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းလည်း မီးတောင်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

play


မီးတောင်ပေါက်ကွဲမှုမှ ချော်ရည်ပူနဲ့ အခြားအရာများ စီးဆင်းမှုအမြန်နှုန်းဟာ တစ်နာရီလျှင် ၄၃၅ မိုင်အထိရှိနိုင်ပြီး အလွန်ပူပြင်းတဲ့ ဓာတ်ငွေ့၊ ကျောက်တုံးများနဲ့ ချော်ရည်ပူတွေရဲ့ အပူချိန်ဟာ ၂၀၀ ဒီဂရီဆဲလ်စီးယပ်နဲ့ ၇၀၀ ဒီဂရီဆဲလ်စီးယပ်ကြား ရှိနိုင်တယ်လို့ သိရပါတယ်။

play


ယမန်နေ့က ဖူအေဂိုမီးတောင် ထပ်မံပေါက်ကွဲမှုဟာ ကျွမ်းကျင်သူတွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မီးတောင်ကျွမ်းကျင်သူတွေက ဖူအေဂိုမီးတောင်ပေါက်ကွဲမှု ရပ်တန့်သွားပြီဖြစ်ကြောင်း ထိုနေ့မှာပင် ပြောထားခဲ့တယ်လို့ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD