AD
AD
AD

လန်ဒန်မြို့လယ်ရှိ Mandarin Oriental ဇိမ်ခံဟိုတယ်မှာ မေလ ၆ ရက်က ကြီးမားတဲ့ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်သမား ၁၂၀ ခန့်နဲ့ မီးသတ်ကား အစီး ၂၀ ဖြင့် ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

play


မီးလောင်မှုဖြစ်ခဲ့တဲ့ အထပ် ၁၂ ထပ်ပါ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ဟာ နှစ်ပေါင်း ၁၁၅ နှစ် သက်တမ်းရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နဂိုမူလလက်ရာအတိုင်း အကြီးစား ပြင်ဆင်မွမ်းမံမှုတွေ အပြီးသတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခန်း ၂၀၀ နီးပါး ပါဝင်တဲ့ Mandarin Oriental ဟိုတယ်ဟာ နာမည်ကြီး Harrods စတိုးဆိုင်အနီးမှာ တည်ရှိပါတယ်။ မေလ ၆ ရက် လန်ဒန်စံတော်ချိန် မွန်းလွဲ ၃ နာရီ ၅၅ မိနစ်မှာ ဟိုတယ်မီးလောင်မှုဖြစ်ကြောင်း သတင်းပေးမှု လက်ခံရရှိခဲ့ကြောင်း မီးသတ်ဌာနက ပြောပါတယ်။

play


ဟိုတယ်မီးလောင်မှုကနေ မီးခိုးအများအပြား ထွက်ရှိနေခဲ့တာကို လန်ဒန်မြို့လယ်တစ်လျှောက်ကနေ အထင်းသား မြင်တွေ့နေရပါတယ်။ မီးလောင်မှု စတင်ဖြစ်ပွားတဲ့ အကြောင်းရင်းကို မသိရသေးကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းများ မရရှိခဲ့ကြောင်း မီးသတ်ဌာနက ပြောပါတယ်။

play


မီးလောင်မှုဖြစ်တဲ့ ဟိုတယ်မှ ဝန်ထမ်းတွေကို Hyde ပန်းခြံသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် ဟိုတယ်မှာ ဧည့်သည့်အရေအတွက် ရာနဲ့ချီ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ဧည့်သည်တွေအနက် အဆိုတော် ရော်ဘီဝီလီယမ်စ်လည်း ပါဝင်ခဲ့ပါတယ်။

play


ဟိုတယ်အတွင်းမှာ ရှိနေခဲ့တဲ့ ဧည့်သည်နဲ့ဝန်ထမ်းတွေကို ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း မီးသတ်ဌာနက ပြောပါတယ်။ ဟိုတယ်ကို ၁၉၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ Mandarin Oriental ဟိုတယ်လုပ်ငန်းအုပ်စုက ဝယ်ယူခဲ့တာဖြစ်ပါတယ်။

play


Mandarin Oriental ဟိုတယ်ကို ၂၀၁၁ ခုနှစ်မှာ တော်ဝင်မင်းသားဝီလျံရဲ့ မင်္ဂလာပွဲအကြိုအဖြစ် ဗြိတိသျှနဲ့ နိုင်ငံခြား တော်ဝင်မိသားစုတွေကို ဘုရင်မကြီး အဲလိဇဘက်သ်က ဧည့်ခံရာမှာ အသုံးပြုခဲ့ဖူးပါတယ်။ အဆိုပါဟိုတယ်မှာ တစ်ည တည်းခိုနေထိုင်စရိတ်မှာ မြန်မာငွေ ၁၀ သိန်းဝန်းကျင် (ပေါင်စတာလင် ၆၀၀) ဖြစ်ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD