AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထိပ်သီးတွေ့ဆုံပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ထိပ်သီးတွေ့ဆုံပွဲကို စီစဉ်ထားတဲ့အတိုင်း ပြန်လည် ပြုလုပ်ပေးရန် တောင်းပန်ခဲ့တယ်လို့ သမ္မတထရန့်ရဲ့ရှေ့နေ ရူဒီဂူလီယာနီက ပြောကြားလိုက်ပါတယ်။

play
သမ္မတထရန့်ရဲ့ရှေ့နေ ရူဒီဂူလီယာနီ


သမ္မတထရန့်ရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်က မြောက်ကိုရီးယားကို ချုပ်ကိုင်နိုင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ အမေရိကန်သမ္မတက မြောက်ကိုရီးယားရဲ့ ဒေါသတကြီးနဲ့ ပြောင်ပြောင်တင်းတင်း ရန်လိုမှုတို့ကြောင့် ထိပ်သီးတွေ့ဆုံမှု အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း မေလ ၂၄ ရက်မှာ ပြောခဲ့ပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


သို့သော် မြောက်ကိုရီးယားဘက်မှ ပြေလည်စေလိုကြောင်း တုံ့ပြန်ပြောဆိုမှုရှိလာခဲ့ပြီးနောက် ထိပ်သီးတွေ့ဆုံမှုကို ပြန်လည် စီစဉ်လာခဲ့ကြပါတယ်။ ထရန့်ရဲ့ရှေ့နေ ဂူလီယာနီက အစ္စရေးမှာပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့စဉ် ထိပ်သီးတွေ့ဆုံပွဲအကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကင်မ်ဂျုံအန်ဟာ လက်မြှောက်ဒူးထောက်ပြီး ထိပ်သီးတွေ့ဆုံပွဲ ပြန်လုပ်ပေးဖို့ တောင်းပန်ခဲ့တယ်လေ၊ ဒါက သူ့ကို ခင်ဗျားတို့ ဖြစ်စေချင်တဲ့အတိုင်း အတိအကျပဲပေါ့" လို့ ရှေ့နေဂူလီယာနီက ပြောခဲ့ကြောင်း Wall Street Journal က ပထမဆုံး သတင်းဖော်ပြလာပါတယ်။

play
ရှေ့နေဂူလီယာနီနှင့် သမ္မတထရန့်


သမ္မတထရန့်ရဲ့ ရှေ့နေဖြစ်သူ​ ဂူလီယာနီက ထိုသို့ ပြောဆိုမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က ချက်ချင်း တုံ့ပြန်ပြောကြားမှု မရှိသေးကြောင် သိရပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲကို စင်ကာပူနိုင်ငံ စန်တိုဆာကျွန်းရှိ Capella ဟိုတယ်မှာ လာမယ့် ဇွန်လ ၁၂ ရက်၊ မနက် ၉ နာရီမှာ ပြုလုပ်သွားရန် စီစဉ်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD