AD
AD
AD

ပြင်သစ်အရှေ့တောင်ပိုင်းမှ အမျိုးသားတစ်ဦးရဲ့ ကံထူးပုံက အံ့အားသင့်စရာကောင်းလှပါတယ်။ အဆိုပါ အမျိုးသားက ပြင်သစ်နိုင်ငံရဲ့ My Million ထီထိုးကံစမ်းရာမှာ ၂ နှစ်မပြည့်မီအတွင်း ဒုတိယအကြိမ် ဆုကြီးထပ်ပေါက်ခဲ့ပါတယ်။

play


သင်္ချာပညာရှင်တွေရဲ့ တွက်ချက်မှုအရ ထိုသို့ ထူးခြားစွာ ထီပေါက်နိုင်မှုဟာ ၁၆ ထီရီလီယံမှာ တစ်ယောက်သာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Haute-Savoie ဒေသမှာနေထိုင်သူ အမည်မဖော်ပြထားတဲ့ ထိုအမျိုးသားက ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ပထမအကြိမ် ယူရိုတစ်သန်း (မြန်မာငွေ သိန်း ၁၆,၀၀၀ နီးပါး) ထီဆုကြီးပေါက်ခဲ့ပါတယ်။

play


ထို့နောက် အပတ်စဉ် My Million ထီကို ဆက်လက်ကံစမ်းခဲ့ရာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်မှာ နောက်တစ်ကြိမ် ယူရိုတစ်သန်း ထီဆုကြီး ထပ်မံဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ထပ်ကွမ်း ကံထူးရှင်ဖြစ်ခဲ့တဲ့ အမျိုးသားက ဆက်လက်ပြီး ထီထိုးကံစမ်းနေအုံးမယ်လို့ ပြောခဲ့ကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြပါတယ်။

သင်္ချာပညာရှင်တွေကို ကိုးကားပြီး Le Parisien သတင်းစာက ဖော်ပြခဲ့ရာမှာ My Million ထီပေါက်နိုင်မှုဟာ ၁၉ မီလီယံမှာ တစ်ကြိမ်ဖြစ်ပြီး ဆုကြေးပိုများတဲ့ EuroMillions ထီပေါက်နိုင်မှုကတော့ သန်း ၁၄၀ မှာ တစ်ယောက်သာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

play


My Million ထီဟာ ဥရောပ ၁၂ နိုင်ငံမှာ ဖွင့်လှစ်ရောင်းချနေတဲ့ EuroMillions ထီလုပ်ငန်းရဲ့ လက်အောက်ခံလည်း ဖြစ်ပါတယ်။ တစ်ပတ်လျှင် ၂ ကြိမ် ဖွင့်လှစ်နေတဲ့ EuroMillion ထီဟာ My Million ထက် ဆုကြေးပိုများပြီး တစ်ခါတရံ ယူရို သန်း ၁၀၀ အထိ ဆုကြေးထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ My Million ထီကတော့ ထီဆုကြေး ယူရိုတစ်သန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း သြစတြေးလျ အမျိုးသားတစ်ဦးက တစ်ပတ်အတွင်း ထီနှစ်ကြိမ်ပေါက်ခဲ့ပြီး တစ်ကြိမ်လျှင် သြစတြေးလျဒေါ်လာ တစ်သန်းကျော်စီ ရရှိခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD