AD
AD
AD

တောင်ကိုရီးယားနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတစ်ဦးဟာ သြစတြေးလျနိုင်ငံ တောအုပ်အတွင်း တောင်ပေါ်မှခြေချော်ကျပြီးနောက် ခြောက်ရက်ကြာ ပျောက်ဆုံးနေခဲ့ပေမဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က သူမကို အသက်ရှင်လျက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

play


ဂျိုဟီးဟန် အမည်ရှိ အသက် ၂၅ နှစ်အရွယ် တောင်ကိုရီးယားအမျိုးသမီးက သြစတြေးလျ အရှေ့မြောက်ပိုင်း ကွင်းစ်လန်းပြည်နယ်ရှိ Tully မြို့ငယ်အနီး​ တိုင်ဆန်တောင် (Mount Tyson) ပေါ်ကို တက်ရောက်ပြီး ဓာတ်ပုံရိုက်ကူးနေစဉ် ခြေချော်သွားကာ နက်ရှိုင်းတဲ့ လျှိုမြှောင်တစ်ခုထဲကို ပြုတ်ကျသွားခဲ့ပါတယ်။

play


သူမဟာ လျှိုမြှောင်ထဲကျပြီး သတိလစ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ရေတံခွန်တစ်ခုဆီသို့ရောက်အောင် သွားနိုင်ခဲ့ပြီး ထိုနေရာမှာ အစားအစာမရှိဘဲ ခြောက်ရက်ကြာ နေထိုင်ခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားအမျိုးသမီးက စုရပ်နေရာကို ပြန်ရောက်မလာတာကြောင့် ဗုဒ္ဓဟူးနေ့ (ဇွန်လ ၆ ရက်) မှာ သူမရဲ့သူငယ်ချင်းတွေက သက်ဆိုင်ရာကို သတင်းပေး အကူအညီတောင်းခဲ့ကြပါတယ်။

play


"အမျိုးသမီးကို တောအုပ်ထဲမှာ ပြန်ရှာတွေ့ခဲ့ပါတယ်၊ သူမက တောအုပ်ထဲမှာ ခြောက်ရက်ကြာ ပျောက်ဆုံးနေခဲ့ပါတယ်၊ သူမကို ပြန်တွေ့တဲ့အချိန်မှာ ရေဓာတ်ခမ်းခြောက်ပြီး ရာသီဥတုဒဏ်ခံထားရတဲ့ အခြေအနေဖြစ်ပါတယ်၊ သူမကို ရဟတ်ယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့ပြီး လိုအပ်တဲ့ ကုသမှုခံယူဖို့ ဆေးရုံပို့ခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားပါတယ်။

play


တောင်ပေါ်မှခြေချော်ကျသွားတဲ့ တောင်ကိုရီးယားအမျိုးသမီးဟာ ငါးနာရီဝန်းကျင်မျှ သတိလစ်သွားခဲ့ပြီးနောက် ရေတံခွန်တစ်ခုရှိရာကို သွားရောက်နိုင်ခဲ့ပါတယ်။ သူမဟာ ထိုနေရာကနေ ပြန်မထွက်နိုင်တော့ဘဲ ခြောက်ရက်ကြာ သောင်တင်နေခဲ့တယ်လို့ တောင်ကိုရီးယားအမျိုးသမီးက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD