AD
AD
AD
play


ပြီးခဲ့တဲလကတည်းက ပေါက်ကွဲနေခဲ့တဲ့ ဟာဝိုင်အီ Big Island ပေါ်ရှိ Kilauea မီးတောင်မှ ချော်ရည်ပူများကြောင့် ခန့်မှန်းခြေ နေအိမ် ၆၀၀ ပျက်စီးခဲ့ကြောင်းနဲ့ ဟာဝိုင်အီခေတ်သစ်သမိုင်းမှာ ပျက်စီးမှုအများဆုံး မီးတောင်ပေါက်ကွဲမှု ဖြစ်လာခဲ့ကြောင်း ဟာဝိုင်အီဒေသ အုပ်ချုပ်ရေးမှူး ဟယ်ရီကင်မ်က ကြာသပတေးနေ့ (ဇွန်လ ၇ ရက်) မှာ ပြောခဲ့ပါတယ်။

play


Kilauea မီးတောင်ဟာ ၁၉၈၃ ခုနှစ်မှ စတင်ပေါက်ကွဲခဲ့ပြီး နောက်ထပ် ဆယ်စုနှစ်သုံးခုကြာ ဆက်တိုက်နီးပါး ပေါက်ကွဲခဲ့ပြီး နေအိမ် ၂၁၅ လုံး ပျက်စီးခဲ့ဖူးပါတယ်။ Kilauea မီးတောင်ဟာ ကမ္ဘာပေါ်ရှိ သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်တစ်ခုလည်း ဖြစ်ပါတယ်။

play


ယခင်က Kilauea မီးတောင်ပေါက်ကွဲမှုကြောင့် အချိန်တိုအတွင်း ယခုလောက်များပြားတဲ့ နေအိမ်ပျက်စီးမှု မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ Big Island ခေါ် Island of Hawaii မှာ မီးတောင်ငါးလုံး တည်ရှိနေကြောင်းလည်း သိရပါတယ်။

play


Kilauea မီးတောင် ပေါက်ကွဲနေမှုဟာ ဇွန်လ ၇ ရက်မှာ ၃၆ ရက်မြောက် ဖြစ်လာခဲ့ကြောင်းနဲ့ အမေရိကန်မှာ ၁၉၈၀ ပြည့်နှစ်အတွင်း ဝါရှင်တန်ပြည်နယ်ရှိ St. Helens မီးတောင် ပေါက်ကွဲမှုနောက်ပိုင်း ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပါတယ်။

play


Kilauea မီးတောင်ဟာ မေလ ၃ ရက်  ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်မှာ စတင်ပေါက်ကွဲခဲ့ကြောင်း US Geological Survey က ဖော်ပြထားခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှု အန္တရာယ်ကြောင့် ကျွန်းအရှေ့ပိုင်းရှိ Leilani Estates မှာ နေထိုင်သူတွေ ရွှေ့ပြောင်းခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD