AD
AD
AD

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ အသက် ၉၂ နှစ်ပြည့်ခဲ့တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်ရဲ့ မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုချီတက်ပွဲ အခမ်းအနားကို ဇွန်လ ၉ ရက်မှာ တခမ်းတနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

play


ဘုရင်မကြီး အဲလိဇဘက်သ်ရဲ့ မွေးနေ့ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုချီတက်ခဲ့ရာ ဘုရင်မကြီးနဲ့ တော်ဝင်မိသားစုဝင်တွေက ဘက်ကင်ဟမ်နန်းတော် လသာဆောင်ကနေ နှုတ်ဆက်ခဲ့ကြပါတယ်။ ဘုရင်မကြီး အဲလိဇဘက်သ်ဟာ မကြာသေးမီက မျက်စိအတွင်းတိမ်ကို ခွဲစိတ်ဖယ်ရှားမှု ခံယူခဲ့သေးပြီး ယမန်နေ့က မွေးနေ့အထိမ်းအမှတ် အခမ်းအနားမှာတော့ မျက်မှန်ချွတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

play


မွေးနေ့အထိမ်းအမှတ် စစ်ရေးပြချီတက်မှုကို လသာဆောင်ကနေ ကြည့်ရှုခဲ့ပြီး လူထုပရိသတ်နဲ့ စစ်သားတွေကို နှုတ်ဆက်ခဲ့ရာမှာ ဘုရင်မကြီးနဲ့အတူ သမီးဖြစ်သူ အန်းမင်းသမီး၊ သားနှစ်ဦးဖြစ်သူ ချားလ်စ်မင်းသားနဲ့ အင်ဒရူးမင်းသား၊ မြေးစုံတွဲတွေဖြစ်ကြတဲ့ မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်တန်၊ ပြီးခဲ့တဲ့ သီတင်းသုံးပတ်မှာ မင်္ဂလာပွဲဆင်နွှဲခဲ့ကြတဲ့ မင်းသားဟယ်ရီနဲ့ မက်ဂန်မာကယ်လ်၊ ချွေးမဖြစ်သူ ကမ်မီလာနဲ့ အခြား တော်ဝင်မျိုးနွယ် မိသားစုဝင်အများစုကို စုံညီစွာ တွေ့ခဲ့ရပါတယ်။

play


ဘုရင်မကြီးရဲ့မွေးနေ့ ဂုဏ်ပြုအခမ်းအနားကို ကြင်ယာတော် အီဒင်ဘတ်မြို့စား မင်းသားဖိလစ် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဇွန်လ ၁၀ ရက်မှာ အသက် ၉၇ နှစ်ပြည့်တဲ့ မင်းသားဖိလစ်ဟာ အများပြည်သူဆိုင်ရာ အခမ်းအနားတွေနဲ့ ပတ်သက်တဲ့ တာဝန်များမှ အနားယူခဲ့ပြီး ဖြစ်ပါတယ်။

play


ဘုရင်မကြီးရဲ့ ၉၂ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့ စစ်ရေးပြချီတက်ပွဲမှာ ဗြိတိသျှစစ်သည် ၁,၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။ အဲလိဇဘက်သ် ဘုရင်မကြီးရဲ့ သားနှစ်ဦးဖြစ်တဲ့ ချားလ်စ်နဲ့ အင်ဒရူး၊ သမီးဖြစ်သူ အန်းမင်းသမီးနဲ့ မြေးဖြစ်သူ ဝီလျံတို့ကလည်း စစ်ဝတ်တန်ဆာများနဲ့အတူ မြင်းစီးချီတက်မှုမှာ ပါဝင်ခဲ့ကြပါသေးတယ်။

play


ဘုရင်မကြီးရဲ့ မြေးတစ်ဦးဖြစ်သူ မင်းသားဟယ်ရီနဲ့ မက်ဂန်မာကယ်လ်တို့ စုံတွဲကတော့ ရထားလုံးစီးပြီး ချီတက်အခမ်းအနားမှာ ပါဝင်ခဲ့ကြပါတယ်။ Whitehall လမ်းတစ်လျှောက် မြင်းစီးအစောင့်တပ်ဖွဲ့က စစ်ရေးပြချီတက်ပြီး ဘုရင်မကြီးရဲ့ မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားကို လူထုပရိသတ် သောင်းနဲ့ချီ လာရောက်ကြည့်ရှုခဲ့ကြကြောင်းလည်း သိရပါတယ်။

play


ဗြိတိန်တော်ဝင်လေတပ်ရဲ့ အလှပြပျံသန်းတဲ့ လေယာဉ်အုပ်စုကလည်း ဘုရင်မကြီးမွေးနေ့ အထိမ်းအမှတ်အဖြစ် အလှပြပျံသန်းခဲ့ကြပါတယ်။ ဗြိတိန်ုဘရင်မကြီး အဲလိဇဘက်သ်ရဲ့ မွေးနေ့ပွဲကို တစ်နှစ်လျှင် ၂ ကြိမ် ပြုလုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။

play


ဘုရင်မကြီး မွေးဖွားခဲ့တဲ့ ဧပြီ ၂၁ ရက်မှာတစ်ကြိမ်နဲ့ ဇွန်လအတွင်းမှာတစ်ကြိမ် နှစ်စဉ် ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ အသက် ၉၂ နှစ်ပြည့်ပြီးခဲ့တဲ့ ဘုရင်မကြီး အဲလိဇဘက်သ်ဟာ ၁၉၅၂ နှစ် ဖေဖေါ်ဝါရီ ၆ ရက်မှာ ထီးနန်းဆက်ခံခဲ့ပြီး ဗြိတိန်ကိုအုပ်ချုပ်ခဲ့ရာ ယခုအချိန်မှာ နန်းသက် ၆၆ နှစ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ နန်းတက်ပွဲကိုတော့ ၁၉၅၃ ခုနှစ် ဇွန်လ ၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD