AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နိုင်ဖို့က တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး မလွယ်ကူလှပါဘူး။

play


ဒါပေမဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ့် စင်ကာပူမှ နိုင်ငံသားတွေဟာ ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲရက် မရောက်မီ ၂ ရက်အလို ယနေ့ (ဇွန်လ ၉ ရက်) မှာပင် ထရန့်နဲ့ကင်မ် တစ်ကယ့် ထိပ်သီးတွေ့ဆုံမှုကို မြင်တွေ့ရသလိုမျိုး အခိုက်အတန့်အဖြစ် စင်ကာပူမြို့လယ်မှာ အံ့အားသင့်ဖွယ် တွေ့ခဲ့ကြရပါတယ်။

play


ကင်မ်ဂျုံအန်ပုံစံဖမ်းထားတဲ့ သြစတြေးလျ-တရုတ်ကပြားအမျိုးသား ဟောင်းဝမ်အိတ်စ်နဲ့ ဒေါ်နယ်ထရန့် ပုံစံတူ ဒန်းနစ်အလန်တို့ တွေ့ဆုံမှုကို ရှော့ပင်းမောလ်မှာ စီစဉ်ပြုလုပ်ခဲ့တာကြတာ ဖြစ်ပါတယ်။

ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲကို အားပေးထောက်ခံမှုနဲ့ စီးပွားရေးလုပ်ငန်း ပရိုမိုးရှင်အဖြစ် Bugis Junction ရှော့ပင်းမောလ်မှာ ပြုလုပ်ခဲ့ကြတဲ့ The 'Real' Trump-Kim Summit အစီအစဉ်မှာ ထရန့်နဲ့ကင်မ် ပုံစံဖမ်းထားသူနှစ်ဦးက ဈေးဝယ်သူတွေကို လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ပြီး လူအုပ်ကြားထဲမှာ လမ်းလျှောက်သွားခဲ့ကြပါတယ်။

play


၎င်းတို့နှစ်ဦးက နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံကြသကဲ့သို့ တစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ်ဆက်ပြီး အပြန်အလှန် ပွေ့ဖက်ခဲ့ကြရာမှာ ကြည့်ရှုနေသူတွေက သြဘာပေးရင်း မိုဘိုင်းဖုန်းများဖြင့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ခဲ့ကြတာ တွေ့ရပါတယ်။

သို့သော် ထရန့်နဲ့ကင်မ် ပုံစံတူနှစ်ဦးနဲ့အတူ အမှတ်တရ ဆယ်လ်ဖီရိုက်လိုသူတွေကတော့ ၎င်းတို့နှစ်ဦး ဖြန့်ချိထားတဲ့ App ကို download လုပ်ရမှာဖြစ်ပြီး ဆယ်လ်ဖီဓာတ်ပုံတွေရိုက်ရန်အတွက် မြန်မာငွေ ၁၅,၀၀၀ ဝန်းကျင် (စင်ကာပူ ၁၅ ဒေါ်လာ) ပေးရမယ်လို့ဆိုပါတယ်။

play


"မြောက်ကိုရီးယားအတွက် လှူဒါန်းမှုအားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်အတွက်ရောပေါ့ဗျာ၊ ကျွန်တော် တစ်ကယ့် တစ်ကယ်ကို ကျေးဇူးတင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် ပိုက်ဆံ တစ်ကယ်ပြတ်နေတာဗျ" လို့ ကင်မ်ဂျုံအန်ပုံစံတူ ဟောင်းဝပ်က ၎င်းတို့နှစ်ဦးနဲ့အတူ ဆယ်လ်ဖီရိုက်ရန် တန်းစီးစောင့်ဆိုင်းနေသူတွေကို အရွှန်းဖောက် ပြောခဲ့ပါတယ်။

ထရန့်နဲ့ကင်မ် ပုံစံတူနှစ်ဦးနဲ့အတူ ဆယ်လ်ဖီရိုက်ရန် တန်းစီးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် Chen Ziyang က ပုံဖမ်းထားသူနှစ်ဦးဟာ တစ်ကယ့်အစစ် ထရန့်နဲ့ကင်မ်တို့နဲက ၉၉ ရာခိုင်နှုန်းလောက်တူတယ်လို့ ပြောပါတယ်။

play


Bugis Junction ရှော့ပင်းမောလ်မှာ ပြုလုပ်ခဲ့တဲ့ ယခု အစီအစဉ်ကို စင်ကာပူပြည်တွင်း စီးပွားရေးလုပ်ငန်းအချို့ ပူးပေါင်းပါဝင်ခဲ့ကြကြောင်းနဲ့ ထရန့်နဲ့ကင်မ် ပုံစံတူနှစ်ဦးက ပင်လယ်စာ စားသောက်ဆိုင်တစ်ဆိုင်မှာလည်း အလားတူ ထိပ်သီးတွေ့ဆုံမှုပုံစံ လုပ်ကြအုံးမယ်လို့ သိရပါတယ်။

သောကြာနေ့ (ဇွန်လ ၈ ရက်) မှာ စင်ကာပူကို နောက်တစ်ကြိမ် ပြန်ရောက်လာတဲ့ ကင်မ်ဂျုံအန်ပုံစံဖမ်းသူ ဟောင်းဝပ်ကို ချန်ဂီလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ရုတ်တရက် အံ့အားသင့်ပြီ စစ်ဆေးမေးမြန်းခဲ့ကြသေးတယ်လို့ ၎င်းကဆိုပါတယ်။

play


ဟောင်းဝပ်ဟာ စင်ကာပူ Marina Bay Sands ဟိုတယ်အနီးမှာလည်း ပြီးခဲ့တဲ့ မေလ ၂၇ ရက်က လှည့်လည်သွားလာခဲ့သေးရာ စင်ကာပူနိုင်ငံသားတွေ အံ့အားသင့်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်လို့ ရုတ်တရက် ထင်ခဲ့ကြပါတယ်။

ကင်မ်ဂျုံအန်ပုံဖမ်းထားတဲ့ ဟောင်းဝပ်နဲ့ ဒေါ်နယ်ထရန့် ပုံစံတူ ဒန်းနစ်အလန်တို့ဟာ ဖေဖေါ်ဝါရီလအတွင်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကိုလည်း အတူတကွ သွားရောက်ခဲ့ကြပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ကြောင်း သိရပါတယ်။

play


အမေရိကန်သမ္မတထရန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၁၂ ရက်မှာ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းပေါ်ရှိ ကြယ်ငါးပွင့်အဆင့် Capella ဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထရန့်နဲ့ကင်မ် တွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုအဖြစ် သမိုင်းမှတ်တမ်းဝင်မယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD