AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ထိပ်သီးတွေ့ဆုံရန် စင်ကာပူနိုင်ငံကို ယနေ့ (ဇွန်လ ၁၀ ရက်) ညပိုင်းမှာ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

play


သမ္မတထရန့်ဟာ ကနေဒါမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ G7 ထိပ်သီးအစည်းအဝေးကနေ အစောဆုံးထွက်ခွာခဲ့ပြီးနောက် စင်ကာပူကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ထရန့်ရဲ့ Air Force One လေယာဉ်ဟာ Paya Lebar လေတပ်အခြေစိုက်စခန်းမှာ ဆင်းသက်ခဲ့ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က ကြိုဆိုခဲ့ပါတယ်။

play


သမ္မတထရန့်က စင်ကာပူကိုသွားရောက်နေစဉ်အတွင်း မြောက်ကိုရီးယားနဲ့ ကမ္ဘာအတွက် တစ်ကယ့် အံ့အားသင့်ဖွယ်ရလဒ် ရယူနိုင်မယ့် အခွင့်အရေးရှိကြောင်း ၎င်းရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကတော့ စင်ကာပူကို ယနေ့မွန်းလွဲပိုင်းမှာ ရောက်ရှိလာခဲ့ပြီး ညနေပိုင်းမှာ ဝန်ကြီးချုပ်လီရှန်လွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

play


ကင်မ်ဂျုံအန်က စင်ကာပူမြို့လယ်ပိုင်းရှိ St. Regis ဟိုတယ်မှာ တည်းခိုနေထိုင်ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတထရန့်ကတော့ Shangri-La ဟိုတယ်မှာ နေထိုင်မယ်လို့ဆိုပါတယ်။ အဆိုပါ ဟိုတယ်နှစ်ခုလုံးဟာ စင်ကာပူမြို့လယ် Tanglin ဧရိယာမှာ တည်ရှိနေပါတယ်။

ထရန့်နဲ့ကင်မ် တည်းခိုနေထိုင်ကြမယ့် ဟိုတယ်များတည်ရှိရာ Tanglin ဧရိယာနဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမယ့် ဆန်တိုဆာကျွန်းကို အထူးအခမ်းအနား နယ်မြေများအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားပြီး လုံခြုံရေး တင်းကျပ်ထားကြောင်းလည်း သိရပါတယ်။

play


ထရန်နဲ့ကင်မ် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို သတင်းရယူရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ သတင်းထောက် ၂,၅၀၀ ကျော် စင်ကာပူကိုရောက်ရှိနေပြီး F1 Pit Building မှာ မီဒီယာစင်တာ ဖွင့်လှစ်စီစဉ်ထားပေးပါတယ်။

play

ထရန်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်မှာ ဆန်တိုဆာကျွန်းပေါ်ရှိ Capella ဟိုတယ်မှာ ပြုလုပ်သွားစီစဉ်ထားပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ အပြန်အလှန်အားဖြင့် စီးပွားရေး အကူအညီပေးမယ့် ကိစ္စရပ်တွေကို ဆွေနွေးသွားကြမယ်လို့ သိရပါတယ်။
ယခု ထိပ်သီးတွေ့ဆုံဆွေးနွေးမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD