AD
AD
AD

ဗီယက်နမ်မှာ ပေါ်ပေါက်နေတဲ့ ဆန္ဒပြမှုများအတွင်း အစိုးရအဆောက်အအုံတွေကို ကျောက်ခဲများ၊ ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်မှုတွေရှိလာခဲ့ပြီးနောက် ဆန္ဒပြသူ ၁၀၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ (ဇွန်လ ၁၁ ရက်) ပြောပါတယ်။

play


ဗီယက်နမ်မှာ ရှားပါးတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ယမန်နေ့ (ဇွန်လ ၁၀ ရက်) မှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ အစိုးရက အထူးစီးပွားရေးဇုန်သုံးခု အကောင်အထည်ဖော်ရာမှာ ကုမ္ပဏီတွေကို ၉၉ နှစ်ကြာ မြေအငှားချပေးမှုမယ့် အစီအစဉ်အရ တရုတ်ကုမ္ပဏီတွေထံ ချထားပေးမယ့်အပေါ် ဗီယက်နမ်ပြည်သူတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

play


ဗီယက်နမ်နဲ့တရုတ် နှစ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားကာ တင်းမာမှုတွေလည်းရှိနေပါတယ်။ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုမှာ ယမန်နေ့က ဗီယက်နမ်အရှေ့တောင်ပိုင်း Binh Thuan ပြည်နယ် Phan Thiet မြို့ရှိ ပြည်သူ့ကော်မတီရုံးချုပ်ရှေ့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုံရုံးခဲ့ကြပြီး ရုံးချုပ်အဆောက်အအုံကို ကျောက်ခဲများနဲ့ ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။

play


Phan Thiet မြို့မှာ အာဏာပိုင်တွေက ဆန္ဒပြသူ ၁၀၂ ဦးကို ထိန်းသိမ်းခဲ့ကြောင်းနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း အစိုးရပိုင် VnExpress က ပြောပါတယ်။ "ကျွန်တော်တို့ ဒီလူတွေကို ဥပဒေအရ အရေးယူဖို့ စုံစမ်းစစ်ဆေးနေပါတယ်" လို့ ရဲတပ်ဖွဲ့မှ ဗိုလ်မှူးကြီး Nguyen Van Nhieu က အဆိုပါ သတင်းဌာနကို ပြောခဲ့ပါတယ်။

ဆန္ဒပြမှု ပဋိပက္ခအတွင်း ဒါဇင်နဲ့ချီတဲ့ ရဲအရာရှိတွေ ဒဏ်ရာရခဲ့ကြောင်း၊ သို့သော် ဆိုရှယ်မီဒီယာမှာ ကောလာဟလများ ပျံ့နှံ့နေသကဲ့သို့ လူသေဆုံးမှုမရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီးကဆိုပါတယ်။ ဒဏ်ရာရခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

play


ဇွန်လ ၁၀ ရက် အစောပိုင်းမှာလည်း Binh Thuan ပြည်နယ် Tuy Phong ဒေသမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ခဲ့ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်နေတဲ့ ဗီယက်နမ်နိုင်ငံမှာ ပြည်သူလူထုက အစိုးရနဲ့သဘောထားကွဲလွဲကာ ဆန္ဒပြပွဲပေါ်ပေါက်မှု အလွန်ရှားပါတယ်။

play


၂၀၁၆ ခုနှစ်မှာ ရှေးရိုးစွဲဝါဒီ အစိုးရခေါင်းဆောင်တွေကလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပေါ် ပိုမိုပြင်းထန်စွာ ရပ်တည်ကိုင်တွယ်လာခဲ့ပါတယ်။ ယခု ဆန္ဒပြမှုများ ပေါ်ပေါက်စေခဲ့တဲ့ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရေး ဥပဒေမူကြမ်းကို ဗီယက်နမ်လွှတ်တော်က ဇွန်လ ၄ ရက်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်ဟာ တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် စာရင်းများအရ လူဦးရေ ၉၄.၆ သန်းရှိပြီး မြို့တော် ဟိုချီမင်းမှာ လူဦးရေအထူထပ်ဆုံး နေထိုင်လျက်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD