AD
AD
AD

စင်ကာပူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ထိပ်သီးဆွေးနွေးရန် ရောက်ရှိနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ယနေ့ (ဇွန်လ ၁၁ ရက်) ညပိုင်းမှာ စင်ကာပူမြို့တွင်း အလည်အပတ်ထွက်ခဲ့တာ တွေ့ရပါတယ်။

ကင်မ်ဂျုံအန်ကို Gardens by the Bay သဘာဝဥယျာဉ်ရှိ Flower Dome ဖန်လုံအိမ်ပန်းဥယျာဉ်အနီး ၎င်းရဲ့ နောက်ပါ အခြွေအရံများ၊ သက်တော်စောင့်တော်များနဲ့အတူ တွေ့ခဲ့ရပါတယ်။

play


ကင်မ်ဂျုံအန်နဲ့ အိမ်ရှင်စင်ကာပူနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်၊ ပညာရေးဝန်ကြီး အွန်းယီကောင်းတို့ အတူတကွ ရိုက်ကူးထားတဲ့ ဆယ်လ်ဖီဓာတ်ပုံကိုလည်း ဝန်ကြီဗီဗီယန်က Twitter မှာ တင်ထားပါတယ်။ ၎င်းတို့သုံးဦးဟာ Gardens by the Bay မှာ အတူတွေ့ခဲ့ရတာဖြစ်ပါတယ်။

play


စင်ကာပူမှာ ညဘက် အလည်အပတ်ထွက်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို ၎င်းရဲ့ သက်တော်စောင့်တွေ အများအပြားက ခြံရံစောင့်ရှောက်ခဲ့ကြတာလည်း တွေ့ရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို Marina Bay Sands မှာလည်း တွေ့ခဲ့ရပြီး SkyPark ကို သွားရောက်ပုံရတယ်လို့ ဆိုပါတယ်။ ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျောင်းကိုလည်း အကိုဖြစ်သူနဲ့အတူ တွေ့ခဲ့ရကြောင်း စင်ကာပူမီဒီယာတွေက ပြောပါတယ်။

play


စင်ကာပူမြို့လယ်ရှိ ကင်မ်ဂျုံအန် တည်းခိုနေတဲ့ St. Regis ဟိုတယ်ကနေ ၎င်းရဲ့မော်တော်ယာဉ်တန်းဟာ ည ၉ နာရီဝန်းကျင်မှာ ထွက်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။ ကင်မ်ဂျုံအန်ဟာ အမေရိကန်သမ္မတထရန့်နဲ့ ထိပ်သီးဆွေးနွေးရန် ယမန်နေ့ (ဇွန်လ ၁၀ ရက်) မွန်းလွဲပိုင်းမှာ စင်ကာပူကိုရောက်ရှိလာခဲ့ပါတယ်။

play


ထိုနေ့ညနေပိုင်းမှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ ကင်မ်ဂျုံအန်တို့ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပြီး အပြန်အလှန် ဆက်ဆံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်မှာ ဆန်တိုဆာကျွန်း (Sensota) ရှိ ကြယ်ငါးပွင့်အဆင့် Capella ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play


ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံမှုအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ အပြန်အလှန်အားဖြင့် အမေရိကန်က စီးပွားအရေး အကူအညီပေးမှုနဲ့ ဆက်ဆံရေးတင်းမာမှုလျှော့ချရေးတို့ကို အဓိကထား ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

play


ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲဟာ မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနဲ့ တာဝန်ထမ်းဆောင်နေဆဲ အမေရိကန် သမ္မတတစ်ဦးတို့ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD