AD
AD
AD

အိမ်ဖြူတော်က ယနေ့ (ဇွန်လ ၁၁ ရက်) ညပိုင်းမှာ နောက်ဆုံးထုတ်ပြန်မှုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ဟာ ဘာသာပြန်များသာ ပါဝင်မယ့် တစ်ဦးချင်း သီးသန့်ဆွေးနွေးမှု ၎င်းတို့နှစ်ဦးရဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုအတွင်း ၄၅ မိနစ်ကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

play
စင်ကာပူကိုရောက်ရှိလာသည့် ဒေါ်နယ်ထရန့်


အိမ်ဖြူတော်က ယနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်အရ သမ္မတထရန့်က ဇွန်လ ၁၂ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီ ၁၅ မိနစ်မှာ ကင်မ်ဂျုံအန်နဲ့ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် မနက် ၁၀ နာရီမှာတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ပါဝင်ကြတဲ့ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထို့နောက် မနက် ၁၁ နာရီခွဲမှာ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်ကြမယ့် အလုပ်သဘော နေ့လယ်စာသုံးဆောင်ကြမယ်လို့ ဆိုပါတယ်။

play
စင်ကာပူကိုရောက်ရှိလာသည့် ကင်မ်ဂျုံအန်


ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံပြီးနောက် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးကြရာမှာ အမေရိကန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအို၊ အိမ်ဖြူတော်အကြီးအကဲ ဂျွန်ကယ်လီနဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်တို့ ပါဝင်ကြမယ်လို့ သိရပါတယ်။

ထို့နောက် အလုပ်သဘော နေ့လယ်စာစားပွဲမှာတော့ အမေရိကန်ဘက်မှ သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဆာရာစန်းဒါစ်၊ သံအမတ်ဆောင်းကင်မ်နဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီ အကြီးတန်းညွန်ကြားရေးမှူး (အာရှဒေသ) မတ်ပေါ့တင်ဂါတို့လည်း ပါဝင်ကြမယ်လို့ အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play
ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မည့် ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်


ထိပ်သီးဆွေးနွေးပွဲအပြီးမှာ သမ္မတထရန့်က မီဒီယာတွေနဲ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ တွေ့ဆုံသွားမယ်လို့ဆိုပါတယ်။ ထို့နောက် သမ္မတထရန့်ဟာ Capella ဟိုတယ်ကနေ ညနေ ၆ နာရီခွဲမှာ ပြန်လည်ထွက်ခွာပြီး Paya Lebar လေတပ်စခန်းကိုသွားရောက်မှာ ဖြစ်ပါတယ်။

လေတပ်စခန်းမှ ဒေသစံတော်ချိန် ည ၇ နာရီမှာ သမ္မတထရန့်ရဲ့ Air Force One လေယာဉ် ထွက်ခွာမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကတော့ စင်ကာပူနိုင်ငံမှ ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းမှာ ပြန်လည်ထွက်ခွာရန် စီစဉ်ထားတယ်လို့ဆိုပါတယ်။

play
အိန္ဒိယ Odisha ပြည်နယ် Puri ကမ်းခြေမှာ ပြုလုပ်ထားသည့် ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးပွဲ အထိမ်းအမှတ် သဲပန်းပု


နှစ်နိုင်ငံခေါင်းဆောင်းများ ထိပ်သီးတွေ့ဆုံပွဲမတိုင်မီ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုတွေဟာ မျှော်မှန်းထားတာထက် ပိုမိုလျင်မြန်စွာ တိုးတက်နေကြောင်းလည်း အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ဟာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူကို ဇွန်လ ၁၀ ရက်မှာ အသီးသီးရောက်ရှိခဲ့ကြပါတယ်။

၎င်းတို့နှစ်ဦး ထိပ်သီးဆွေးနွေးပွဲကို ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ အမေရိကန်က စီးပွားရေးအကူအညီပေးရေးနဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD